ရှေ့သို့
Image

ဘန်ချီဝဲလ်နေရာ အတွက် ဖလာမင်ဂိုမှာ အငှားကစားနေတဲ့ ကန်နဒီကို ပြန်လည်ခေါ်ယူဖို့ရှိနေတဲ့ ချဲလ်ဆီး

10:24 AM, 13 January

ချဲလ်ဆီးအသင်းဟာ ခံစစ်ပိုင်းမှာ ကစားသမားလိုအပ်ချက်အတွက် ဖလာမင်ဂိုမှာ အငှားသွားကစားနေတဲ့ ကန်နဒီကို ပြန်လည်ခေါ်ယူရန် ရှိနေကြောင်း သတင်းများအရ သိရသည်။

ခြင်္သေ့ပြာတွေဟာ ဘယ်နောက်ခံနေရာအတွက် ပြဿနာရှိနေပြီး ဘန်ချီဝဲလ်ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသခဲ့ရပြီးနောက် တစ်ရာသီလုံး နားရမှာဖြစ်သလို ရီစီဂျိမ်းစ်ဟာလည်း တံကောက်ကြောဒဏ်ရာကြောင့် ၂လခန့်နားသွားရမှာ ဖြစ်ပါတယ်။ နည်းပြ သောမတ်တူချယ်ရဲ့ အသင်းမှာ မားကို့စ်အလွန်ဆိုသာ wing backတွင် ကစားနိုင်တဲ့သူအဖြစ် ရှိနေပြီး အငှားချထားတဲ့ ကနီဒီကို စတန်းဖို့ဘရစ်ချ်သို့ပြန်လည် ခေါ်ယူလိုနေပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ လိုင်ယွန်ထံ အငှားချထားတဲ့ အီမာဆင်ကို ပြန်လည် ခေါ်ယူဖို့ကြိုးစားပေမယ့် မအောင်မြင်တာကြောင့် စွယ်စုံရကစားနိုင်တဲ့ ကန်နဒီကို ပြန်လည် ခေါ်ယူဖို့မျက်စိကျလာတာ ဖြစ်ပါတယ်။ အသက်၂၅နှစ်သားဟာ ၂၀၁၅ခုနှစ်က ချဲလ်ဆီးအသင်းထံ ပေါင်၆သန်းဖြင့် ရောက်လာပြီး အသင်းမှာ နေရာမရတာကြောင့် ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်၊ နယူးကာဆယ်၊ စပိန်ကလပ်  ဂီတာဖေး၊ ဂရန်နာဒါကလပ်တွေမှာ အငှားသွားကစားခဲ့ရပါတယ်။

ဘရာဇီသားဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၁၅ပွဲသာ ကစားခဲ့ရပြီး သူရဲ့ နောက်ဆုံးပွဲက ၂၀၁၆ခုနှစ်က ဖြစ်ခဲ့ပါတယ်။ ထိုကြောင့် အသင်းဟောင်း ဖလာမင်ဂိုအသင်းထံ ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာတော့ မြောက်လန်ဒန်ကလပ်ထံ တစ်ကျော့ပြန် ပြန်ရောက်လာဖွယ် ရှိပါတယ်။

ကန်နဒီဟာ ဖလာမင်ဂိုအတွက် ၁၀ပွဲ ပါဝင်ကစားထားပြီး မနေ့ကလည်း အသင်းနဲ့အတူ ဘရာဇီးအမှတ်ပေးဖလားကို ရရှိထားပါတယ်။ ဘရာဇီးကလပ်ဟာလည်း ကန်နဒီကို ပြန်မလွတ်ချင်ဘဲ ချဲလ်ဆီးအသင်းရဲ့ ပြန်လည်ခေါ်ယူခြင်းကို တားဆီးသွားဖို့ရှိနေတယ်လို့ဘရာဇီး သတင်းတွေက ဖော်ပြကြပါတယ်။

ဖလာမင်ဂိုဟာ အငှားစာချုပ်အကုန်တွင် အပြီးသတ်ခေါ်ယူခွင့် အချက်ထည့်ထားပြီး အဆိုပါအချက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလတွင် ဖြစ်ပေမယ့် ဘရာဇီးကလပ်ဟာ ချဲလ်ဆီးကို ဆက်သွယ်ခြင်း မလုပ်ခဲ့တာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #ဖလာမင်ဂို #ဘန်ချီဝဲလ် #ကန်နဒီ