ရှေ့သို့
Image

ဆန်းချက်ဇ်ရဲ့ အချိန်ပိုနောက်ဆုံး မိနစ် သွင်းဂိုးနဲ့အတူ အီတလီစူပါဖလားကို အင်တာ ဆွတ်ခူး

9:25 AM, 13 January

အင်တာမီလန်တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ဟာ ယမန်နေ့ည ဂျူဗင်တပ်စ်နဲ့ ပွဲစဉ် အချိန်ပို နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး အသင်းကို ၁၁နှစ်အတွင်း အီတလီစူပါဖလား ပထမဆုံး အကြိမ် ဆွတ်ခူးစေခဲ့ပါတယ်။ ကိုဗစ်စည်းမျဉ်းတွေကြောင့် ပရိသတ် ၅၀%သာ လက်ခံခဲ့တဲ့ပွဲစဉ်အတွင်း ပွဲချိန် မိနစ်၁၂၀မှာ ဆန်းချက်ဇ်က အင်တာအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာ ဆန်းချက်ဇ်က “ချန်ပီယံပွဲတွေ ပိုကစားတာနဲ့ ပိုကောင်းလာပြီး ဘယ်သူမှ မလုပ်နိုင်တာတွေကို လုပ်ပြခဲ့ပါတယ်။ ဒီနေ့လည်း အတူတူပါပဲ။ ကျွန်တော် ပုံမှန်ခြေစွမ်းရနေတာကြောင့် ဒီနေ့ပွဲထွက်နိုင်မယ် ထင်ခဲ့ပေမဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး နိုင်ပွဲအတွက် ဆာလောင်နေခဲ့ကာ လှောင်အိမ်ထဲက ခြင်္သေ့တစ်ကောင်လို ဖြစ်နေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

မက္ကင်နီရဲ့ ခေါင်းတိုက်ချက်နဲ့အတူ ဂျူဗင်တပ်စ်တို့ ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းမှာတင် လော်တာရို မာတီနက်ဇ်က ပင်နယ်တီကနေ အင်တာအတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်းက ပိုကောင်းခဲ့ပြီး အင်တာတို့ ပွဲကို စိုးမိုးကာ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမဲ့ မိနစ်၁၂၀မှသာ ဆန်းချက်ဇ်က အင်တာအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါ ဗိုလ်လုပွဲကတော့ စီးရီးအေ ချန်ပီယံနဲ့ ကိုပါအီတာလီယာဖလား ချန်ပီယံတို့ကို ယှဉ်ပြိုင်စေတာလည်း ဖြစ်ပါတယ်။ နည်းပြ အင်ဇာဂီအတွက်လည်း အင်တာနည်းပြဘ၀ ပထမဆုံး ဆုဖလား ဆွတ်ခူးသွားနိုင်ခဲ့ပြီး အယ်လီဂရီအတွက်တော့ ဂျူဗင်တပ်စ်ကို ဒုတိယအကြိမ် ပြန်လာချိန် စိတ်ပျက်စရာ ရာသီနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

#အီတလီစူပါဖလား #အင်တာမီလန် #ဂျူဗင်တပ်စ် #ဆန်းချက်ဇ်