ရှေ့သို့
Image

ဒင်းဟန်ဒါဆန်ရဲ့ အသင်းပြောင်းခွင့်တောင်းဆိုမှုကို ပယ်ချလိုက်တဲ့ ယူနိုက်တက်

10:12 AM, 12 January

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုမှုကို ပယ်ချလိုက်ပေမယ့် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကတော့ အသင်းသစ် မရွေးချယ်ခင် ရာသီကုန်မှာ အသင်းက ရနထွက်ခွာနိုင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။ ယူနိုက်တက်နည်းပြ ရာ့ဖ်ရန်နစ်ကိုယ်တိုင်ကလည်း အသင်းမှာ အနာဂတ်မသေချာတဲ့ ဟန်ဒါဆန်ကို နွေရာသီထိ ဆက်နေစေချင်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ရန်နစ်က “လွန်ခဲ့တဲ့နှစ်ပတ်လောက်က သူအသင်းက ထွက်လို့ရမရ ကျွန်တော့်ဆီလာမေးပါတယ်။ ဒါပေမယ့် ရာသီကုန်ထိ အသင်းမှာပဲ ဆက်နေဖို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ အသင်းက ဂိုးသမားတွေနဲ့ ပက်သက်လို့ ကျေနပ်အားရပေမယ့် သူ့ကိုတော့ အသင်းကနေ မထွက်စေချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဟန်ဒါဆန်ရဲ့ ယူနိုက်တက်နဲ့ စာချုပ်ဟာ ၂၀၂၅ မှ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ပုံမှန်နေရာရမယ့် အသင်းတစ်သင်းကို အပြီးပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မယုံနိုင်စရာ လက်စွမ်းကောင်းတွေ ပြသပြီး ဒေးဗစ်ဒီဂီယာက ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပွဲထွက်ခွင့်ရရှိထားသလို ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ ပွဲမှာလည်း ၅ ပွဲကို ကစားခွင့်ရခဲ့ပါတယ်။

အဓိကဂိုးသမား ဟူဂိုလိုရစ်ရဲ့ စာချုပ် ၆ လသာကျန်တော့တဲ့ တော့တင်ဟမ်ကတော့ ဟန်ဒါဆန်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ တော့တင်ဟမ်ဟာ ဟန်ဒါဆန်အပြင် ၂၉ နှစ်အရွယ် လင်ဂတ်ကိုလည်း နွေရာသီမှာ ခေါ်ယူချင်နေပေမယ့် လင်ဂတ်ကတော့ နိုင်ငံခြားအသင်း တစ်သင်းသင်းကိုသာ အလွတ်နဲ့ ရောက်ဖို့များနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #လင်ဂတ် #ဒင်းဟန်ဒါဆန် #ရန်နစ်