ရှေ့သို့
Image

သပွတ်အူလို ရှုပ်ထွေးနေပြီး အဆိပ်တက်နေတဲ့အသင်းအဖြစ် ကိုယ့်အသင်းကို ကိုယ်ပြန်ကင်ပွန်းတပ်လိုက်တဲ့ ပေါလ်စခိုးလ်

9:42 AM, 12 January

ယူနိုက်တက်အသင်းဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က လက်ရှိအသင်းရဲ့အနေအထားက သပွတ်အူလို ရှုပ်ထွေးနေပြီး အဆိပ်တက်နေတယ်လို့ ကင်ပွန်းတပ်လိုက်ပြီး ယာယီနည်းပြအဖြစ် ရန်နစ်ကို ခန့်အပ်ခဲ့တာနဲ့ပတ်သက်လို့လည်း မေးခွန်းထုတ်သွားပါတယ်။ ပေါလ်စခိုးလ်က ယူနိုက်တက်အနေနဲ့ ရန်နစ်ကို ခန့်အပ်မယ့်အစား တော့တင်ဟမ်အသင်းကို မရောက်ခင် နည်းပြကွန်တီကို အရခေါ်ခဲ့သင့်သလို ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခန့်အပ်နိုင်ဖို့ ဒီထက်ပိုအားထုတ်ကြိုးစားသင့်တယ်လို့ ပြောပါတယ်။

''လက်ရှိအချိန်မှာ အသင်းက သပွတ်အူလို ရှုပ်ထွေးနေတယ်လို့ ခံစားရပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ နည်းပြတို့က ဉာဏ်ကြီးရှင်တွေလိုဖြစ်နေကြတယ်။ ယူနိုက်တက်က အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံးကလပ်ဖြစ်ပြီး အရေးကြီးတဲ့ နည်းပြရာထူးအတွက် အကောင်းဆုံးနည်းပြကိုပဲ ခေါ်ယူသင့်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဥရောပအနှံ့ အသိအမှတ်ပြုခံထားရတဲ့နည်းပြကို ခန့်အပ်ခဲ့တာမှန်ပေမယ့် သူက နည်းပြတစ်ဦးအနေနဲ့ တာဝန်ယူဖို့ အသင့်ရှိမနေခဲ့ပါဘူး။ ယူနိုက်တက်ဟာ နည်းပြရာထူးအတွက် ခေါ်ယူလို့ရနိုင်တဲ့အနေအထားထဲကနေ အကောင်းဆုံးနည်းပြကိုပဲ ခန့်အပ်သင့်ပါတယ်''

''ကမ္ဘာ့အကောင်းဆုံးနည်းပြ ၅ဦးထဲက တစ်ဦးပဲဖြစ်သင့်ပါတယ်။ တူချယ်၊ ကလော့ပ်နဲ့ ဂွါဒီယိုလာတို့ကို ခေါ်နိုင်ဖို့ အခွင့်အရေးမရှိပေမယ့် ကွန်တီ ရှိနေတယ်လေဗျာ။ တော့တင်ဟမ်မှာ ကွန်တီ ဘာတွေလုပ်နေလဲဆိုတာ ကြည့်လိုက်ပါဦး။ ယူနိုက်တက်လောက် လူစာရင်းမတောင့်တင်းတဲ့အသင်းကို သူ ဆွဲတင်ပေးနေတာ ဒါပေမဲ့ ကွန်တီကို တော့တင်ဟမ်ကနေ ခေါ်ယူနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်နေတုန်းပါပဲ။ ယူနိုက်တက်မှာ ကွန်တီ ထူးရှယ်တွေ လုပ်ပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်''လို့ ပေါလ်စခိုးလ်က ပြောပါတယ်။

အဝတ်လဲခန်းအတွင်း စည်းလုံးမှုပြိုကွဲနေတယ်လို့ သတင်းတွေထွက်ပေါ်နေချိန် ဇန်နဝါရီလအတွင်း ဖြစ်နိုင်ခြေရှိတဲ့ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ ပေါလ်စခိုးလ်က ''အသင်းက အဆိပ်တက်နေတယ်လို့ ခံစားရပါတယ်။ အခုက အသင်းကို လာချင်နေသူတွေထက် အသင်းကနေ ထွက်ချင်နေသူတွေက ပိုများနေပါတယ်''လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကွန်တီ #ပေါလ်စခိုးလ် #ရန်နစ်