ရှေ့သို့
Image

အေစီမီလန်နဲ့ စာချုပ်သက်တမ်း တိုးနိုင်ဖို့နီးစပ်နေပြီဖြစ်တဲ့ သီယိုဟာနန်ဒက်ဇ်

2:10 PM, 11 January

အေစီမီလန်နောက်ခံလူ လုကပ်စ်ဟာနန်ဒက်စ်ကတော့ လက်ရှိအသင်းမှာပဲ ကာလရှည် ဆက်ရှိသွားဖွယ် ရှိနေပါတယ်။ ဟာနန်ဒက်စ်ရဲ့ ခြေစွမ်းဟာ အသိအမှတ် ပြုသင့်တာကြောင့် သက်တမ်းတိုးစာချုပ်နဲ့ အထိုက်တန်ဆုံးပါလို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ပြောပါတယ်။

ဟာနန်ဒက်ဇ်ကိုယ်တိုင်ကတော့ “ အေစီမီလန်နဲ့ စာချုပ်သက်တမ်း တိုးဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲပါ။ အဆင်ပြေတဲ့ အနေအထားပါပဲ၊ ဆွေးနွေးမှုတွေလည်း တိုးတက်နေပါတယ်၊ ဒီကိုစရောက်တဲ့ နေ့ကတည်းက ပျော်ရွှင်ခဲ့ရပါတယ်။ ဟာနန်ဒက်ဇ်ဟာ မီလန်ကို ၂၀၁၉ မှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်က ရီးရဲလ်မက်ဒရစ်မှာ အကိုဖြစ်တဲ့ လုကပ်စ်နဲ့အတူ ကစားခဲ့ပြီး ရီးရဲလ်ဆိုစီဒက်ကို အငှားထွက်ကစားခဲ့ရပါတယ်။

ရီးရဲလ်မှာကတည်းက ဟာနန်ဒက်ဇ်ကို မီလန်အားကစားဒါရိုက်တာ ပေါ်လိုမာဒီနီက သဘောကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အေစီမီလန်ကို သီယိုရောက်ရှိလာချိန်မှာတော့ သူကစားခဲ့ဖူးတဲ့ ဘယ်နောက်ခံလူနေရာမှာ ယုံယုံကြည်ကြည်နဲ့ နေရာပေး ကစားစေခဲ့ပါတယ်။ ပြင်သစ်သားကလည်း အသင်းကို စရောက်ကတည်းက သူ့နေရာသူ အပိုင်စား ရယူခဲ့ပြီး စီးရီးအေနဲ့ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

သီယိုဟာနန်ဒက်ဇ်ရဲ့ ကစားဟန်ဟာ မီလန်နည်းပြ စတီဖာနိုပီအိုလီရဲ့ နည်းစနစ်တွေနဲ့ အရမ်းကို ကိုက်ညီနေပါတယ်။ ပီအိုလီဟာ တိုက်စစ်အားသန် နောက်ခံအစွန်လူတွေကို နှစ်သက်ပြီး လက်ရှိအချိန်မှာ ဒီနေရာအတွက် ဟာနန်ဒက်ဇ်ထက် ပိုကောင်းတဲ့ ကစားသမားကို ရှာရခက်မှာ သေချာပါတယ်။ ပြင်သစ်သားဟာ တောင်ပံတစ်လျှောက် မြန်နှုန်းမြင့်ပြေးအားတွေနဲ့ ပြေးလွှားနိုင်ပြီး ပြိုင်ဘက်ဂိုးစည်းထဲကိုလည်း တိကျတဲ့ ဖြတ်တင်ဘောတွေ တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဂိုးသွင်းစွမ်းရည်ကလည်း ကောင်းမွန်သေးကြောင်းကို ဗင်နီဇီယာကို ၃-၀ နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး သက်သေပြခဲ့ပါတယ်။

ခံစစ်ကစားသမား တစ်ယောက်ဖြစ်ပေမယ့်လည်း ဟာနန်ဒက်ဇ်ဟာ လိဂ်ပွဲ ၁၇ ပွဲကစားပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကဆိုရင် ၃၃ ပွဲကစားခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ရဲ့ အသက်ကလည်း ၂၄ နှစ်သာ ရှိသေးတာကြောင့် ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရောက်ရှိနေသေးသူပါ။ ဟာနန်ဒက်ဇ်ကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင်တော့ မီလန်ရဲ့အနာဂတ်မျိုးဆက်တွေမှာ ဟာနန်ဒက်ဇ်က အဓိကကစားသမား တစ်ဦးဖြစ်လာဖွယ် ရှိနေပါတယ်။

#အေစီမီလန် #ရိုမာနို #ဟာနန်ဒက်ဇ်