ရှေ့သို့
Image

လိုင်ယွန်က အီမာဆင်ကို ပြန်လည်ခေါ်ယူဖို့ ချဲလ်ဆီး ပြင်ဆင်လာ

10:30 AM, 11 January

ချဲလ်ဆီးအသင်းဟာ လိုင်ယွန်အသင်းထံအငှားချထားတဲ့ အီမာဆင်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အီမာဆန်ကို ကနဦးအငှား နွေရာသီမှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ရောင်းချထားတာကြောင့် ချဲလ်ဆီးအနေနဲ့ လိုင်ယွန်နဲ့ အရင်ဆုံးသဘောတူညီမှုရယူနိုင်ဖို့ လိုအပ်နေပါတယ်။

လိုင်ယွန်ကတော့ သူတို့အတွက် အစားထိုးမယ့်ကစားသမားအဖြစ်  ပီအက်စ်ဂျီက ကာဇာဝါကို ခေါ်ယူဖို့ ကမ်းလှမ်းထားကာ အစားထိုးကစားသမားရမှသာ ရောင်းချဖွယ်ရှိနေပါတယ်။ ၂ သင်းကြား သဘောတူညီမှုရတယ်ဆိုရင်တော့ အီမာဆင်တစ်ယောက် ချဲလ်ဆီးပြန်လာဖွယ်ရှိနေပါတယ်။

အသက် ၂၇ နှသားဟာ ၂၀၁၈ တုန်းက ရိုးမားကနေ ချဲလ်ဆီးကိုရောက်လာခဲ့တာဖြစ်ကာ ၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက လူစားလဲကစားခွင့်ရခဲ့ပါတယ်။ အီတလီသားဟာ လိုင်ယွန်ကို ယူရို ၂၀၂၀ ဖလားရယူအပြီးမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချီဝဲလ်ဒဏ်ရာရရှိခဲ့တာကြောင့် တူချယ်ဟာ အဲဗာတန်စတား ဒစ်ဂ်နီကိုလည်း မျက်စိကျနေပါတယ်။

ဒစ်ဂ်နီဟာ အက်စ်တွန်ဗီလာအသင်းကိုပြောင်းဖို့ နီးစပ်နေပြီး ဝက်စ်ဟမ်းကလည်း ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ တူချယ်ဟာ ရိစ်ဂျိမ်းစ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဘလက်ပူးလ်က ဒူဂျွန်စတာလင်ကို အခုအပတ်တုန်းက ပြန်ခေါ်ထားပါတယ်။

ဒါပေမယ့် ဘာစီလိုနာက ဆာဂျီယိုဒက်စ် နဲ့ လေဗာကူဆင်က ဖရင်းပေါင်တို့ကိုခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးဟာ ၁၁ ရက်အတွင်း ၄ ပွဲကစားရမှာဖြစ်ကာ ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ်အသင်းနဲ့ ကာရာဘောင်ဆီမီးဖိုင်နယ်ဒုတိယအကျော့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လိုင်ယွန် #အပြောင်းအရွှေ့ #အီမာဆင်