ရှေ့သို့
Image

pressing game ကပဲ ယူနိုက်တက်ကို ရှေ့တွန်းတင်ပေးနိုင်လိမ့်မယ်လို့ ရန်းနစ် သတိပေး

1:20 PM, 10 January

ယူနိုက်တက်အသင်းနည်းပြ ရန်နစ်က pressing game ကပဲ အသင်းကို ရှေ့ဆက်တွန်းပို့ပေးနိုင်စွမ်းရှိပြီး အသင်းသားတွေအနေနဲ့ သူလိုချင်တဲ့အရာကို ရယူပေးဖို့ အသင့်ရှိနေရလိမ့်မယ်လို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ ရန်းနစ်ဟာ ဂျာမနီဘောလုံးလောကရဲ့ gegenpressing ဂေါ့ဖားသားအဖြစ် တင်စားခံထားရသူဖြစ်ပေမယ့် ပထမဆုံးပွဲဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲက ပထမပိုင်းမှာသာ အဲဒီကစားဟန်ကို မြင်တွေ့ခဲ့ရပြီး သူ့လက်ထက် ၇ပွဲမြောက်အဖြစ် ယနေ့ညမှာ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလားအိမ်ကွင်းပွဲ ကစားရမှာဖြစ်ပါတယ်။

''ဒီလိုအဆင့်မှာ ကျွန်တော်တို့အသင်း အားပြိုင်နိုင်တဲ့တစ်ခုတည်းသောအရာက Pressing Game ပါ။ ဘယ်ပွဲကိုပဲ ကြည့်ကြည်၊ နောက်ဆုံး ထိပ်တန်းအသင်းမဟုတ်တာတောင် အသင်းတိုင်းက ကြံ့ခိုင်မှုအပြည့်၊ ပြင်းထန်တဲ့စိတ်အားထက်သန်မှု၊ ပြေးလွှားမှုတွေနဲ့ ကစားနေတာပါ။ ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ ဒီပုံစံအတိုင်း ကျွန်တော်တို့ တိုးတက်ချင်ပါတယ်''

''ကစားသမားတွေကလည်း ဒီပုံစံအတိုင်း လိုက်ကစားရမှာဖြစ်ပြီး ကျွန်တော်တို့လိုချင်တဲ့အရာကို ဖန်တီးရမှာပါ။ ယူနိုက်တက်က ဖိအားတွေနဲ့ ရှင်သန်နေတဲ့ကလပ်ပါ။ ကစားသမားတွေကလည်း ဒါကို သိနားလည်လိမ့်မယ်လို့ သေချာပေါက်ပြောရဲပါတယ်။ ကျွန်တော်တို့အသင်းက ပွဲတွေကို လွှမ်းမိုးကစားပြီး အနိုင်ကစားဖို့ လိုပါတယ်''လို့ ရန်းနစ်က ပြောပါတယ်။ ရန်းနစ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က အင်္ဂလန်မှာ တစ်နှစ်ကြာ သင်ကြားမှုတွေ ပြုလုပ်ခဲ့ပြီး non-League ကလပ် Southwick အသင်းမှာ ကစားခဲ့ဖူးပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ရန်းနစ်