ရှေ့သို့
Image

သူ့ရဲ့ ကိုယ်ပိုင် ကစားကွက် ယူနိုက်တက်မှာ အသားကျဖို့ ရန်နစ်အတွက် အချိန်လိုပါတယ်လို့ ဂျရတ် ဆို

1:21 PM, 10 January

အိုးထရက်ဖို့ဒ်မှာ ကစားမယ့်ပွဲမှာ ဗီလာဟာ လျော့တွက်လို့ရတဲ့အသင်းမဟုတ်ကြောင်း၊ သူ့ရဲ့ကစားကွက်တွေ ယူနိုက်တက်မှာ အသားကျဖို့ ရန်နစ်အနေနဲ့ အချိန်လိုအပ်ပါတယ်လို့ ဂျရက်ကပြောဆိုလိုက်ပါတယ်။

ယာယီနည်းပြရန်နစ်ဟာ သူ့ရဲ့ပထမဆုံးရှုံးပွဲကို ဝုဗ်နှင့်ပွဲမှာ တွေ့ကြုံခဲ့ရပြီး အဝတ်လဲခန်းမှာလည်း မတည်မငြိမ် ဖြစ်နေသလို ကစားသမား ၁၇ ဦးကလည်း အသင်းမှာ မပျော်ရွင်ပါဘူးလို့ ပြောဆိုထားကြပါတယ်။ ယူနိုက်တက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေကို ဗီလာနည်းပြ ဂျရတ်က သတိထားမိခြင်းမရှိဘဲ အက်ဖ်အေဖလား ပွဲမှာ တွေ့ဆုံ့မယ့် သူ့ရဲ့ပြိုင်ဘက်နည်းပြအတွက် အကြံပေးလိုက်တာဖြစ်ပါတယ်။

“အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က အသင်းကောင်း တစ်သင်းဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ အားလုံးက လေးစားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ခြေစွမ်းကောင်းပြသခဲ့မယ်ဆိုရင် ဘယ်အသင်းကိုမဆို ကောင်းကောင်းအနိုင်ယူနိုင်ပါတယ်။ ကျွန်တော်တို့ရင်ဆိုင်ရမယ့် သူတို့အသင်းကလည်း ပြိုင်ဘက်ကို မလေးမစားလုပ်မှာ မဟုတ်ပါဘူး။ နည်းပြအသစ်ကိုင်တွယ်မဆိုရင်တော့ သူရဲ့ကစားကွက်နှင့်ကိုက်ညီဖို့အတွက် အချိန်လိုအပ်ပါတယ်။ သူတို့ရဲ့ရလဒ်တွေကို သုံးသပ်လိုက်မယ်ဆိုရင် ပရိသတ်တွေပြောနေကျသလို ဆိုးဆိုးရွားရွားကြီး မဟုတ်ပါဘူး။ အသင်းရဲ့လုပ်ဆောင်မှု အဆင့်အတန်းကြောင့် ယူနိုက်တက်ဟာ လေးစားဖို့ကောင်းတယ်ဆိုတာကို အားလုံးက သိပါတယ်”လို့  တတိယအဆင့် ပွဲမတိုင်ခင် ဂျရတ်က ပြောပါတယ်။

ဂျရက်ဟာ သူ့ရဲ့ကစားသမားဘဝတွင် အက်ဖ်အေဖလားအားရရှိခဲ့ဖူးသူဖြစ်ပြီး ၂၀၀၁ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တို့တွင် ရရှိခဲ့ဖူတာဖြစ်ပါတယ်။ ၂၀၀၆ခုနှစ်တွင် လီဗာပူးအသင်းခေါင်းဆောင်ဟာ ကာဒစ်မှာ ဝက်စ်ဟမ်းနှင့် ကစားခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ် တွင် အကောင်းဆုံးခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။ ဂျရက်ဟာ ၂ ဂိုးသွင်းယူခဲ့ပြီး ၃-၃ ဂိုးဖြစ်သွားစေမယ့်ဂိုးကို အချိန်ပိုတွင် သွင်းယူပေးခဲ့ကာ လီဗာပူးအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

“သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်ဟာ အောင်မြင်မှု အဆင့်ကောင်းကောင်းရရှိထားပါတယ်။ ဒါဟာ တကယ့်အစဉ်အလာရှိတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အင်္ဂလန်နဲ့ ဗြိတိသျှလူမျိုးအားလုံးအတွက် ထူးခြာတဲ့ ပြိုင်ဆိုင်မှုဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ နိုင်ငံခြားသားတွေ ဒီနိုင်ငံသို့လာတဲ့အခါ စကားပြောတဲ့အချိန်မှာ အက်ဖ်အေဖလားအကြောင်းက အမြဲတမ်းလိုလို ပါတက်ပါတယ်။ အဆိုပါပြိုင်ပွဲက ကမ္ဘာတစ်လွှားမှာနာမည်ရနေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး နည်းပြနေရာကနေ ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော် စောင့်မျှော်နေမိပါတယ်။ ယူနိုက်တက်နှင့် အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်သော်လည်း အကောင်းဆုံးကြိုးစားပြီး ကစားသွား မှာပါ”လို့ ဂျရက်က ပြောပါတယ်။

ရန်နစ်ကတော့ သူ့ရဲ့လူစာရင်းကို အလှည့်ကျပွဲထုတ်လာနိုင်ပြီး ဂျရက်ကတော့ အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ကတိပေးပြောကြားထားပါတယ်။ ဘာစီလိုနာကနေ အငှားပြောင်းရွေ့လာတဲ့ ကော်တင်ဟိုကတော့ ပါဝင်လာဖွယ်မရှိသော်လည် အင်္ဂလန်အတွဲဖြစ်တဲ့ ဝက်ကင်စ်နှင့် တိုင်ရွန်မင်းတို့ကတော့ ပါဝင်လာဖို့ရှိနေကာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ယန်းက လည်း ဒဏ်ရာရရှိပြီးနောက် ပြန်လည်ပွဲထွက်လာနိုင်ပါတယ်။

“အထူးသဖြင့် အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နှင့်တွေ့ဆုံပြီး နောက်တစ်ဆင့်တက်သွားမယ်ဆိုရင် ပိုကောင်းမှာပါ။ လိုအပ်ခဲ့မယ်ဆိုရင် အချိန်ပိုတွေ၊ ပင်နယ်တီတွေ ကစားရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ရဲရင့်ဖို့ ရည်မှန်းချက်ကြီးမားဖို့လိုပါတယ်”လို့ ဂျရက်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျရတ် #ရန်နစ်