ရှေ့သို့
Image

လက်ရှိ ခြေစွမ်းအတည်ငြိမ်ဆုံး အင်္ဂလန်တိုက်စစ်မှူးအဖြစ် ရပ်တည်နေတဲ့ အေဘရာဟမ်

11:32 AM, 10 January

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားတော့မှာဖြစ်တာကြောင့် အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ ကစားသမား မျှော်လင့်နေကြပေမဲ့ လက်ရှိမှာတော့ တမ်မီ အေဘရာဟမ်ကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်သလောက် ဖြစ်နေခဲ့ပါတယ်။

၂၄နှစ်သားဟာ ယခုနှစ်ရာသီ ရိုးမားအသင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ပြသထားပြီး ယမန်နေ့ည ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်မှာ စီးရီးအေ ၈ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကြောင့် အေဘရာဟမ်ဟာ ဥရောပထိပ်တန်းလိဂ် ၅လိဂ်မှာ ဂိုးသွင်းအများဆုံး အင်္ဂလိပ်ကစားသမားအဖြစ် ၁၄ဂိုးနဲအတူ ရပ်တည်နေခဲ့ပါတယ်။

၁၄- အေဘရာဟမ်ဟာ ယခုနှစ်ရာသီ ၁၄ဂိုးသွင်းထားပြီး ဥရောပထိပ်တန်းလိဂ် ၅လိဂ်က အခြားအင်္ဂလိပ်ကစားသမားတွေထဲ အများဆုံး ဖြစ်နေခဲ့ပါတယ်။ အင်္ဂလန်သားဟာ ယခုနှစ်ရာသီ ရိုးမားအတွက် ပင်နယ်တီမပါပဲ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားလည်း ဖြစ်နေခဲ့ပါတယ်။

အဆိုပါ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အချက်တွေကြောင့် အင်္ဂလန်တိုက်စစ်မှူးတွေကြား နည်းပြ ဆောက်ဂိတ်တစ်ယောက် အေဘရာဟမ်ကို မလွဲမသွေ ရွေးချယ်ရဖို့ ရှိနေပါတယ်။
#အင်္ဂလန် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #အေဘရာဟမ်