ရှေ့သို့
Image

နည်းပြအပေါ် အဆုံးမဲ့ လေးစားမှု ရှိတယ်လို့ဖွင့်ဟပြီး ရန်းနစ်ကို ထောက်ခံအားပေးလိုက်တဲ့ ရက်ရှ်ဖို့ဒ်

3:09 PM, 9 January

မန်ချက်စတာယူနိုက်တက်မှာ မပျော်မရွင်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး သူရဲ့ အသင်းအပေါ် သစွာရှိမှုကို မေးခွန်းမထုတ်သင့်ကြောင်း ရက်ရှ်ဖို့ဒ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တနင်္လာက ဝုဗ်ကို ၁-ဝဂိုးဖြင့် ရှုံးတဲ့ပွဲအပြီး ကစားသမားအများစုဟာ အသင်းကနေ ထွက်ခွာလိုတဲ့ ဆန္ဒတွေ ရှိနေကြတယ်လို့ သတင်းများထွက်လာပါတယ် ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ကတော့ ၎င်းတို့ထဲက တစ်ယောက်မဟုတ်ကြောင်း အခိုင်အမာ ပြောလိုက်ပါတယ်။ ကွင်းလယ်လူ ဖရက်ဒ်ကလည်း အရင်ဆုံး ကလပ်မှာ ပျော်ရွှင်ကြောင်း တွစ်တာမှာ ဖွင့်ဟထားပြီး ရက်ရှ်ဖို့ဒ်ဟာလည်း လူသိရှင်ကြား အသိပေးခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံး မကြာသေးခင်က စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေအတွက် စိတ်ပျက်နေကြပါတယ် နည်းပြနှင့် အဖွဲ့တင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ လုပ်အားနူန်းအတွက် မေးခွန်းထုတ်နေကြတဲ့ အပေါ်မှာလည်း စိတ်ပျက်မိပါတယ်။ ကလပ်နှင့် နည်းပြတွေကို ကျွန်တော် အဆုံးမဲ့ လေးစားမှု ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြတွေအောက်မှာ ကျွန်တော်ကစားပုံ ပိုကောင်းအောင်လုပ်ဖို့မျှော်လင့်နေပါတယ်။

ကျွန်တော် စိတ်မဆိုးပါဘူး စိတ်မချမ်းမသာ မဖြစ်ပါဘူး။ အရင်က စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ကျွန်တော် စိတ်ပျက်နေမိပါသလား သေချာတာပေါ့။ စိတ်ပျက်ပါတယ် ကိုယ်ကိုကိုယ် ကျွန်တော် အကြီးမားဆုံး ဝေဖန်ပါတယ်။ ခက်ခဲတဲ့ တာထွက်မှု ဖြစ်ပါတယ် ကျွန်တော်ရဲ့ တန်ဖိုးကို သက်သေပြဖို့ရည်မှန်းထားပါတယ် ကျွန်တော်ရဲ့ စိတ်ပိုင်းဖြတ်မှုနှင့် ဒီမှာ ရှိချင်တဲ့ ဆန္ဒကို မေးခွန်း မထုတ်သင့်ပါဘူး ကျွန်တော် ဒီကလပ်ကို ချစ်ပါတယ်။

အတိတ်တုန်းက ရလဒ်ဆိုးတွေနဲ့ အသင်းက ဒုံရင်းအခြေအနေ ဆိုက်ရောက်နေတဲ့ အရိပ်အယောင်တွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ် ကျွန်တော်တို့အတူတကွ အလုပ်လုပ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ တစ်ချိန်တည်းမှာဘဲ စိတ်အားထက်သန်မှု၊ ပြင်းပြမှုတွေနဲ့ ထပ်တူကြစွာ အလုပ်လုပ်ကြရပါမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ပြောစကားတွေက ရန်းနစ်အတွက်တော့ သက်သာရာတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ ကာဗာနီ၊ မာတာတို့ဟာ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာ  ဖြစ်သလို အသင်းမှာလည်း ကစားသမားအများစု မပျော်မရွှင်ဖြစ်နေကြောင်း ယူနိုက်တက်နည်းပြ ရန်းနစ်က သောကြာနေ့က ဖွင့်ဟဝန်ခံထားခဲ့ပါတယ်။ တဖက်မှာ ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံတွင် ယူနိုက်တက်အတွက် ၃ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး လာမယ့်ပွဲတွေမှာ သွင်းဂိုးတွေ ရရှိရန် ကြိုးစားသွားမယ်လို့ ပြောစကားတွေထဲမှာ သက်သေခံနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရက်ရှ်ဖို့ဒ် #ရန်းနစ်