ရှေ့သို့
Image

ချက်စတာဖီးလ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်လေး လူးဝစ် ဟောကို မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့တဲ့ တူချယ်

9:42 AM, 9 January

သောမက်စ် တူချယ်ဟာ ယမန်နေ့ည ချက်စတာဖီးလ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီးနောက် အထူးခြေစွမ်းပြခဲ့တဲ့ လူငယ်လေး လူးဝစ် ဟောကို မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ပြီး အခြား ကစားသမား ၃ဦးကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ စီနီယာ ကစားသမားအချို့ကို အနားပေးခဲ့ပေမဲ့ လူကာကူ၊ အိုဒွိုင်းလ်၊ ဝါနာ၊ ဇီယက်ချ်တို့လို ကစားသမားတွေ ပါဝင်လာတာကြောင့် ချက်စတာဖီးလ်အနေနဲ့ ယှဉ်ကန်နိုင်ခြင်းမရှိပဲ ဂိုးပြတ်ရှုံးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဟောတစ်ယောက် အထူးခြေစွမ်းပြခဲ့ကာ လူကာကူအတွက် ဂိုးဖန်တီးပေးခဲ့ပြီး တူချယ်က အဆိုပါ လူငယ်လေးဟာ လေ့ကျင့်ရေးကွင်းမှာ နှုတ်ဆိတ်တတ်သူ ဖြစ်တာကြောင့် ခုလို သူ့ကိုယ်သူ မိတ်ဆက်သွားနိုင်တာ အရမ်းပျော်တယ်လို့ ဆိုခဲ့ပါတယ်။ တူချယ်က “သူ ခုနက အင်တာဗျူးမှာ စကားအများကြီး ပြောသွားသေးလား။ သူက လေ့ကျင့်ရေးကွင်းမှာ စကားသိပ်ပြောတာ မမြင်ရဘူး။ ဒါပေမဲ့ သူ ဒီပွဲကစားရဖို့ ထိုက်တန်ပါတယ်။ သူက တည်ငြိမ်တဲ့ လူကောင်း၁ယောက် ဖြစ်ပါတယ်”

“စတန်းဖို့ဒ်ဘရစ်ချ်မှာ ကြီးမားတဲ့ အခွင့်အရေး ရခဲ့ပါတယ်။ သူ ရလာတဲ့ အခွင့်အရေးကို အပြည့်အ၀ရယူပြီး ဂိုးအချို့မှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ သူ့အတွက် ကျွန်တော် ပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး တူချယ်က “သူ လေ့ကျင့်ရေးကွင်းမှာ လုပ်နေကြအတိုင် းလုပ်ခဲ့တာပါ။ သူ့နားမှာ ကစာေးနတဲ ဆာအူးလ်၊ ကိုဗာဆစ်၊ မာလန် ဆားတို့ ခြေစွမ်းပြနိုင်တာကိုလည်း ချီးကျူးရပါမယ်။ အဲ့ဒါက သူ့အတွက် အခြေအနေတွေကို လွယ်ကူသွားစေပါတယ်”

“အဝတ်လဲခန်းက ဒီလိုကစားသမားတွေကို အမြဲအားပေးနေပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ရှိတာကြောင့် သူတို့ အဆင့်အတန်းကို ပြနိုင်ခဲ့တာပါ။ နောက်ဆုံးမှာ သူတို့ ပြင်းထန်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ပြီး ပရိသတ်အားပေးမှုတွေထဲ ကစားနိုင်ခဲ့ပါတယ်” “ဒါပေမဲ့ သူ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ဂိုးတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ သူ့မှာ လေ့လာစရာ အများကြီး ကျန်သေးပေမဲ့ ဒါကြောင့်ပဲ သူ ကျွန်တော်တို့နဲ့အတူ ရှိနေတာကြောင့် သူ့ရဲ့ အခိုက်အတန့်တွေက နောက်ပိုင်းမှာ ဆက်ရှိနေဦးမှာပါ”လို့ ဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #လူကာကူ #တူချယ် #လူးဝစ်ဇ်