ရှေ့သို့
Image

အိုရီဂီကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့အစီအစဉ်မရှိတဲ့ လီဗာပူး

1:15 PM, 8 January

လီဗာပူးအသင်းဟာ တိုက်စစ်မှူး အိုရီဂီကို ယခုဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့အစီအစဉ် မရှိကြောင်း သိရသည်။ သူရဲ့ စာချုပ်ဟာ ယခုနွေရာသီမှာ ကုန်ဆုံးသွားမှာ ဖြစ်ပေမယ့် စာချုပ်ပါအချက်အရ သတ်မှတ်ထားတဲ့ ပွဲအရေအတွက်ပြည့်ပါက တစ်နှစ်သက်တမ်းတိုးခွင့် ရှိနေသည်။

အသက်၂၆နှစ်အရွယ် ကစားသမားဟာာ ဂျာဂင်ကလော့ပ်ရဲ့အသင်းမှာ ပြိုင်ပွဲစုံ ၁၀ပွဲ ပါဝင်ကစားထားပေမယ့် ပွဲထွက်အဖြစ် ၄ပွဲသာ ကစားထားပါတယ်။ တယ်လီဂရတ်ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူး ကော်လမ်ဝဲလ်ဆင် ဒဏ်ရာကြောင့် တစ်ရာသီလုံး နားရမည်ဖြစ်တာကြောင့် အိုရီဂီကို ခေါ်ယူအားဖြည့်ရန် စိတ်ဝင်စားလျက် ရှိနေသည်။

စကိုင်းစပေါ့တ်ရဲ့ ဖော်ပြချက်အရ အိုရီဂီရဲ့ အေ့ဂျင့်တွေဟာ အီတလီကလပ် ၃သင်းနဲ့ ဆက်သွယ်မှုတွေ ရှိနေပြီး ယခုလအတွင်း ကြိုတင်သဘောတူညီမှု လုပ်ထားလို့ရတာ ဖြစ်ပါတယ်။ သတင်းတွေအရ အိုရီဂီဟာ အင်္ဂလန်မှာဘဲ ဆက်ရှိနေလိုပါတယ်။ ၂၀၁၄ခုနှစ်က လီဗာပူးအသင်းထံ ရောက်လာတဲ့ အိုရီဂီဟာ ကလပ်အတွက် ၁၆၇ပွဲကစားကာ ဂိုး၄၀ သွင်းယူပေးထားပါတယ်။

#လီဗာပူး #အိုရီဂီ #အပြောင်းအရွှေ့