ရှေ့သို့
Image

ချီဝဲလ်ရဲ့နေရာ အတွက် ဘယ်နောက်ခံလူတစ်ဦး ရှာဖွေနေကြောင်း တူချယ် အတည်ပြု

10:21 AM, 8 January

သောမက်စ် တူချယ်က ချဲလ်ဆီး အသင်းဟာ ရာသီကုန်ထိ နားရတော့မယ့် ဘန်ချီဝဲလ်နေရာအတွက် ဘယ်နောက်ခံလူတစ်ဦး ရှာဖွေနေတယ်လို့ ဆိုခဲ့ပါတယ်။ ချီဝဲလ်ဟာ နိုဝင်ဘာလက ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာ ဒူးအရွတ်ကြော စုတ်ပြဲဒဏ်ရာရခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

ချဲလ်ဆီးမှာ အီယန် မက်ဆန်နဲ့ အီမာဆင်တို့ အငှားထွက်ကစားနေပြီး လက်ရှိမှာ အဆိုပါ ကစားသမား ၂ဦးစလုံးကို ပြန်ခေါ်ဖို့ ချိတ်ဆက်နေခဲ့ပါတယ်။ တူချယ်ဟာ လိုင်ယွန်မှာ ကစားနေတဲ့ အီမာဆင်ကို ပြန်ခေါ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။

တူချယ်က “ကျွန်တော် အသေးစိတ်တော့ ပြောပြမှာ မဟုတ်ပေမဲ့ ကျွန်တော်တို့မှာ ဒဏ်ရာရသူ များနေတယ်ဆိုတာကိုတော့ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘန်ချီဝဲလ် မပါပဲ ၁ရာသီလုံး ကစားရမှာပါ။ သူက ထိပ်တန်းခြေစွမ်းနဲ့ ထိပ်တန်း ကစားသမား၁ယောက်ပါ။ ကျွန်တော်တို့ သူ့နေရာအတွက် အင်အားဖြည့်ဖို့ မျှော်လင့်နေတာတင် မဟုတ်ပဲ ကိုယ်တိုလည်း ကြိုးစားနေကြပါတယ်။ အီမာဆင်ကို ပြန်ခေါ်တာကလည်း ရွေးချယ်စရာ တစ်ခု ဖြစ်ပေမဲ့ ဒီထက်ပိုပြီးတော့ မပြောနိုင်ပါဘူး”

“ကျွန်တော်တို့ ဇန်နဝါရီအပြောင်းအရွှေ့အကြောင်း ဆွေးနွေးနေပြီး ဝန်ထမ်းတွေ၊ ဘုတ်အဖွဲ့၊ ကင်းထက်ဌာနတို့နဲ့ ချိတ်ဆက်ကာ ဖြစ်နိုင်ချေတွေအတွက စဉ်းစားနေပါတယ်။ ကျွန်တော်တို့ အမြဲတမ်းလည်း ဆွေးနွေးလေ့ ရှိပေမဲ့ ကာလရှည် ဒဏ်ရာတွေ ရှိနေတာကြောင့် စျေးကွက်ကိုကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားရပေမဲ့ ကစားသမား၊ နေရာ၊ အရည်အချင်းတွေကိုလည်း ကြည့်ရသေးတယ်ဆိုသော်လည်း ကျွန်တော်တို့ ရှာဖွေနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ချီဝဲလ် #တူချယ်