ရှေ့သို့
Image

အငှားခေါ်ထားတဲ့ ကော်တင်ဟိုကို ပေါင် ၃၃ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရထားတဲ့ အက်စတွန်ဗီလာ

9:52 AM, 8 January

အက်စတွန်ဗီလာအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ယခုရာသီကုန်အထိရှိမယ့် အငှားစာချုပ်နဲ့ခေါ်ယူလိုက်ပြီးနောက် သူ့ကို ပေါင် ၃၃သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရရှိထားပါတယ်။
ဗီလာနည်းပြ ဂျရတ်ဟာ လီဗာပူးမှာ လက်တွဲခဲ့ဖူးတဲ့အသင်းဖော်ဟောင်းကို ခေါ်ယူဖို့ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး နှစ်ဘက်အသင်းက အငှားကာလအတွင်း ကော်တင်ဟိုရဲ့လုပ်ခလစာကို မျှဝေပေးရမှာဖြစ်ပေမယ့် ဗီလာက တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ ပေးချေရမှာဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ၆ကြိမ်မြောက် ချန်ပီယံဆုရယူနိုင်ဖို့ စိတ်အားထက်သန်နေပြီး ဗီလာမှာ ပုံမှန်ပွဲထွက်ခွင့်ရရင် ဘရာဇီးအသင်းမှာ ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂျရတ်ဟာ ဗီလာမှာ ၄-၃-၃ နည်းဗျူဟာ သုံးစွဲနေပြီး လီဗာပူးနည်းပြ ကလော့ပ်ရဲ့နည်းဗျူဟာနဲ့အတူတူပဲဖြစ်ရာ ကော်တင်ဟိုကို ကွင်းလယ်တိုက်စစ်အားသန် ကျောနံပါတ် ၈ နေရာသာမက တောင်ပံတွေမှာလည်း သုံးနိုင်ပါတယ်။

ကွင်းလယ်ပိုင်းမှာ မက်ဂင်း၊ ဒေါက်ဂလပ်စ်နဲ့ ဂျာကော့ရမ်ဆေးတို့ ပုံမှန်ခြေစွမ်းပြနေလို့ တောင်ပံတိုက်စစ်မှာ ကစားခွင့်ရဖို့ ပိုမိုနီးစပ်နေပြီး နောက်တစ်ပတ် စနေနေ့မှာ ကစားရမယ့် ယူနိုက်တက်နဲ့အိမ်ကွင်းပွဲမှာ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရလာနိုင်ပါတယ်။ ဂျရတ်နဲ့ ကော်တင်ဟိုတို့ဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ လီဗာပူးမှာ အတူတူကစားခဲ့ကြဖူးပြီး ၂၀၁၄ ခုနှစ်က နည်းပြရော်ဂျာရဲ့ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အထိ နီးစပ်ခဲ့ပါတယ်။

#ဘာစီလိုနာ #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ကော်တင်ဟို