ရှေ့သို့
Image

တံကောက်ကြော ဒဏ်ရာကြောင့် ၈ ပတ်လောက်နားရမယ့် အရေးနဲ့ ဗာဒီ ရင်ဆိုင်နေရ

9:49 AM, 8 January

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ဗာဒီတစ်ယောက် တံကောက်ကြော ဒဏ်ရာကြောင့် ၈ ပတ်လောက် နားရဖွယ်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သတင်းတွေအရ ဗာဒီဟာ တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်၊ ၄ ပတ်လောက်ပဲ နားရမယ်လို့ လက်စတာက မျှော်လင့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာ ရော်ဂျာကိုယ်တိုင်က ဗာဒီကို မတ်လလောက်အထိ လက်လွှတ်ရမယ်လို့ အတည်ပြုလာခဲ့တာဖြစ်ပါတယ်။ ဗာဒီဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့တုန်း လီဗာပူးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ နာချိုကလည်း အာဖရိကဖလားသွားနေရသလို ဒါကာကလည်း တံကောက်ကြောဒဏ်ရာရရှိနေတာကြောင့ လက်စတာအတွက် ဘန်လေပွဲက ခက်ခဲဖွယ်ရှိနေကာ ဟာဗေးဘန်းစ် နဲ့ ပီရက်ဇ်တို့ကိုသာ အားထားရဖွယ်ရှိနေပါတယ်။

"ဗာဒီအခြေအနေက တော်တော်ဆိုးပါတယ်။ မတ်လလောက်ထိ အနားယူရဖွယ်ရှိနေပါတယ်။ ခွဲစိတ်ဖို့တော့ မလိုပါဘူး။ သတင်းကောင်းကြားရဖို့ပဲ မျှော်လင့်ရပါတယ်"လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။

လက်စတာအသင်း နောက်ခံလူ အီဗန်က ဗာဒီဟာ အသင်းရဲ့အရေးကြီးတဲ့ကစားသမားဖြစ်တာကြောင့် ခွဲစိတ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်စတာနောက်တန်းမှာလည်း  ပြဿနာရှိနေပြီး အီဗန် ၊ ဆိုယွန်ကူ ၊ ဂျက်စတင် နဲ့ ဖိုဖာနာတို့ ဒဏ်ရာရရှိနေကာ အမာတေ နဲ့ အန်ဒီဒီတို့က အာဖရိကဖလားပွဲရောက်နေပါတယ်။

ရော်ဂျာအတွက် ဝက်ဖို့်ဒ်နဲ့ပွဲမှာ ဗက်စတီဂတ် ၊ ချောင်ဟူရီ ၊ တိုင်လီမန်းစ် ၊ မက်ဒီဆင်၊ အယ်လ်ဘရိုက်တန် ၊ ဟာဗေးဘန်းစ် ၊ လွတ်ခ်မန်း ၊ ပီရက်ဇ်တို့တော့ ရှိနေပါတယ်။ ကက်စတာနီကတော့ သောကြာနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာဖြစ်ကာ ဟောကလည်း ပေါင်ခြံဒဏ်ရာရရှိနေပါတယ်။

#ဗာဒီ #လက်စတာ