ရှေ့သို့
Image

ကွင်းလယ်မှာ လူလိုနေပေမဲ့ ဝီလ်ရှိုင်းယားကိုတော့ ပြန်ခေါ်မှာ မဟုတ်ဘူးလို့ အာတီတာဆို

9:38 AM, 8 January

မီကယ် အာတီတာက မစ်လန်းနိုင်းစ် ထွက်သွားခြင်းကြောင့် အာဆင်နယ်ကွင်းလယ်မှာ လူလိုနေပေမဲ့ ဂျက် ဝီလ်ရှိုင်းယားကိုတော့ ပြန်လည်ခေါ်ယူမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အာဆင်နယ်မှာ ဆယ်စုနှစ် ၂ခုကြာ ကစားခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ လက်ရှိ အာဆင်နယ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းလျက် ရှိနေပါတယ်။

ဒါပေမဲ့ အာတီတာကတော့ “ကျွန်တော် ဂျက်နဲ့ အခြေအနေအပေါ် ရှင်းရှင်းလင်းလင်းရှိပြီး သူနဲ့ ပတ်သက်တဲ့ဟာက အခုအတိုင်းပဲ ဆက်သွားမှာပါ”လို ပြောခဲ့ပါတယ်။ စပိန်သားဟာ တိုက်စစ်မှူးနေရာအတွက် ဆိုစီဒက် တိုက်စစ်မှူး အီဆက်၊ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်တို့အကြောင်း မေးမြန်းရာမှာလည်း ဖြေကြားလိုခြင်း မရှိခဲ့ပါဘူး။

အာတီတာက “ကျွန်တော်တို့ အပြောင်းအရွှေ့တိုင်းမှာ အမြင့်ဆုံးလုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ သတိထားနေပါတယ်။ မှန်ကန်တဲ့ ကစားသမားဆိုရင် ကျွန်တော်တို့ ဝယ်နိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မနက်ဖြန်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားဖို့ ထွက်ခွာမှာ ဖြစ်ပြီး ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကိုလည်း အဆိုပါအချိန်မှ သိရဖို့ ရှိနေပါတယ်။ အာဆင်နယ ်အသင်းဟာ လန်ဒန်ဓားထိုးမှုဖြစ်စဉ်အတွက် ဖောရက်စ်နဲ့ပွဲမှာ ဂျာစီအဖြူကို ဝတ်ဆင်ကာ ကစားသွားမှာ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #မစ်လန်းနိုင်းစ် #ဝီလ်ရှိုင်းယား