ကွန်တီရဲ့စတိုင်ဟာ သူတို့စတားတွေနဲ့ မကိုက်ညီတာကြောင့် မခေါ်ယူဖို့ ဘုတ်အဖွဲ့ ဆုံးဖြတ်ခဲ့တာဖြစ်
2:32 PM, 7 January
ယူနိုက်တက်အသင်းဟာ ကွန်တီကို ချဉ်းကပ်ခဲ့ပေမယ့် အသင်းကစားသမားတွေနဲ့ မကိုက်ညီတာကြောင့် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ ၂၀၁၇ တုန်းက ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံဆုရယူနိုင်ခဲ့ကာ ယူနိုက်တက်က ဆိုးလ်ရှားရုန်းကန်နေရတာကြောင့် ချိတ်ဆက်ခဲ့ပေမယ့် နိုဝင်ဘာတုန်းက တော့တင်ဟမ်ကို ရောက်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ရန်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကာ ရန်နစ်မတိုင်ခင် ကွန်တီကို မျက်စိကျခဲ့သေးတာဖြစ်ပါတယ်။ သတင်းတွေအရ ကွန်တီဟာ နည်းပြကောင်းဖြစ်ပေမယ့် ကစားသမားတွေနဲ့ အဆင်မပြေလောက်တာကြောင့် မခေါ်ယူခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။ "ကွန်တီက အချက် ၆ ချက်လိုချင်တယ်ဆိုရင် အဲ့ကစားသမားက အဲ့အချက် ၆ ချက်ကို လုပ်ကိုလုပ်ရပါတယ်။ သူဟာ မိနစ်တိုင်းမှာ ပရိုဂရမ်ဆွဲပြီး အသေးစိတ်လိုချင်တာပါ။ အဲ့တာက ကျွန်တော်တို့အတွက် အဆင်မပြေပါဘူး"လို့ ယူနိုက်တက်ရဲ့ အတွင်းလူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ရန်နစ်ဟာ ယူနိုက်တက်ကို ၆ ပွဲအထိ ကိုင်တွယ်ခဲ့ကာ ရလဒ်တွေကောင်းခဲ့ပေမယ့် တနလာၤနေ့တုန်းက ဝုဗ်အသင်းနဲ့ပွဲမှာ အရေးနိမ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရန်နစ်ကို အခုရာသီအကုန်အထိပဲ ခန့်အပ်ထားတာဖြစ်ကာ ရာသီအကုန်မှာ အမြဲတမ်းနည်းပြတစ်ဦး ရှာဖွေဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ ပစ်မှတ်နည်းပြစာရင်းထဲမှာ ပိုချက်တီနို ၊ တန်ဟက် နဲ့ ရော်ဂျာတို့ ပါဝင်နေပါတယ်။ ယူနိုက်တက်ဘက်က ရစ်ချက်အာနိုးလ်ဟာ အမှုဆောင်အသစ် ဖြစ်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။