ရှေ့သို့
Image

ဇန်နဝါရီမှာ ယူနိုက်တက်ကနေ မထွက်ခွာဖို့ လင်ဂတ်ကို ဝီလ်ရှီးယား တိုက်တွန်း

1:17 PM, 7 January

အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားက လင်ဂတ်အနေနဲ့ ဇန်နဝါရီမှာ ဝက်စ်ဟမ်း အတွက်နဲ့ ယူနိုက်တက်ကို ကျောမခိုင်းသင့်ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရာသီဝက်ကို ဝက်စ်ဟမ်းမှာ အငှားထွက်ကစားခဲ့ကာ ၁၆ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး မိုယက်ချ်ရဲ့အသင်းကို ယူရိုပါလိဂ်ဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားက ယူနိုက်တက်မှာပဲ ဆက်နေခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားထွက်ခွာခဲ့ပြီးနောက် အသက် ၂၉ နှစ်သားဟာ ရန်နစ်လက်အောက်မှာ ၁၁ မိနစ်သာ ပါဝင်ကစားခွင့်ရရှိထားကာ ယူနိုက်တက်မှာ ဆက်ရှိဖို့ အနာဂတ်မသေချာတာဖြစ်ပါတယ်။ အခုချိန်မှာ ဝက်စ်ဟမ်းက လင်ဂတ်ကို ခေါ်ယူဖို့ တကျော့ပြန် စိတ်ဝင်စားလာခဲ့တာဖြစ်ကာ ဝီလ်ရှီးယားက ယူနိုက်တက်မှာ ဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။

"၆ လလောက် ဝက်စ်ဟမ်းမှနေခဲ့ပြီးနောက် သူအဲ့ကိုသွားရင် အခွင့်အရေးရမယ်လို့ တွေးနေပုံပါ။ သူက အခွင့်အရေးနဲ့ထိုက်တန်တဲ့သူပါ။ ဒီအပြောင်းအရွှေ့မှာ ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူက အခွင့်အရေးနဲ့ တကယ်ကို ထိုက်တန်တဲ့သူပါ။ မြက်တွေက အမြဲတမ်းစိမ်းမနေပါဘူး။ အာဆင်နယ်မှာ ကစားခဲ့တုန်းကလည်း ကျွန်တော် ဒီကနေ ထွက်ချင်စိတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကြီးတစ်သင်းမှာဆို စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။ အဲ့တာတွေကိုတော့ ကျော်ဖြတ်ရမှာပါ"လို့ ဝီလ်ရှီးယားက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #လင်ဂတ် #ဂျက်ဝီလ်ရှီးယား