ရှေ့သို့
Image

ဘာစီလိုနာစတား ကော်တင်ဟိုဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးလို့ ဂျရတ် ချီးကျူး

10:31 AM, 7 January

အက်စ်တွန်ဗီလာအသင်းနည်းပြ ဂျရတ်က ကော်တင်ဟိုအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်ကာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးလို့ ချီးကျူးလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တော်တော်များများက ဘာစီလိုနာစတားကို ချိတ်ဆက်နေပြီး ဗီလာအသင်းက ကော်တင်ဟိုရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်း ၅ သင်းက ချိတ်ဆက်နေပြီး အခုချိန်မှာတော့ ၂ သင်းသာကျန်တော့တယ်လို့ စကိုင်းစပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

"သူက အံ့သြဖို့ကောင်းတဲ့ကစားသမားပါ။ အဝတ်လဲခန်းထဲမှာအပြင် ကွင်းထဲမာ သူနဲ့အတူတူဆို ကျေနပ်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးသမားအနည်းငယ်မှာပဲ ရှိတာမျိုးသူ့မှာရှိနေလို့ပါ။ သူဟာ ဖန်တီးမှုပိုင်းလည်းမြင့်မားတဲ့ကစားသမားပါ။ ကျွန်တော်ဒီနေရာမှာ အခြားအသင်းကစားသမားတစ်ဦးအကြောင်း မပြောချင်ပါဘူး။ အဲ့တာက မလေးစားသလိုဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအပြင် အခြားအသင်းတွေကလည်း ချိတ်ဆက်နေတာပါ"လို့ ဂျရတ်က ချီးကျူးပြောကြားခဲ့ပါတယ်။

ကော်တင်ဟိုကို ဗီလာ ၊ အာဆင်နယ် ၊ တော့တင်ဟမ် ၊ အဲဗာတန် နဲ့ နယူးကာဆယ်တို့က ချိတ်ဆက်နေပါတယ်။ ကော်တင်ဟိုကလည်း ဇန်နဝါရီမှာ ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ပြောကြားထားပါတယ်။ ဘရာဇီးသားဟာ လီဗာပူးကနေ ဘာစီလိုနာကို ပေါင် ၁၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ကလည်း လီဗာပူးစတားဟောင်းကို ခေါ်ယူချင်နေပါတယ်။ ဖာရန်တောရက်စ် ရောက်လာပြီးနောက် ဘာစီလိုနာက မလိုအပ်တဲ့ကစားသမားတွေကို ရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

#ဘာစီလိုနာ #အက်စတွန်ဗီလာ #ကော်တင်ဟို #စတီဗင်ဂျရတ်