ရှေ့သို့
Image

နည်းပြသစ်က သူနဲ့အံမဝင်ရင် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ရော်နယ်ဒို ပြင်ဆင်လာနိုင်တယ်လို့ သတင်းထွက်

10:13 AM, 7 January

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာမယ့်သူက သူနဲ့အံမဝင်ရင် နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

The Daily Star သတင်းစာက နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ ပြန်ရောက်လာတဲ့ ရော်နယ်ဒိုဟာ ယခုရာသီအကုန်မှာ ခန့်အပ်မယ့် အမြဲတမ်းနည်းပြသစ်ဖြစ်လာမယ့်အနေအထားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၃ နွေရာသီအထိ အသင်းနဲ့ စာချုပ် ချုပ်ဆိုထားပေမယ့် တကယ်လို့ အမြဲတမ်းနည်းပြဖြစ်လာမယ့်သူက သူ့ဆီကနေ အကောင်းဆုံးခြေစွမ်း ထုတ်မယူနိုင်ဘူးဆိုရင် သက်တမ်းကုန်ဆုံးဖို့ ၁၂ လအလိုမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ အဆိုပါသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပေမယ့် တိုးတက်မှု နှေးနေပြီး ယာယီနည်းပြ ရန်းနစ်လက်ထက်မှာလည်း ဆက်လက်ရုန်းကန်နေရပါတယ်။ ရန်နစ်ဟာ ယာယီနည်းပြအဖြစ် ၆လကိုင်တွယ်ပြီးရင် အသင်းရဲ့အကြံပေးအဖြစ် လုပ်ကိုင်ဖို့ ၂နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒို အနေနဲ့ ရန်နစ် အမြဲတမ်းနည်းပြဖြစ်လာမယ်ဆိုရင်လည်း ထောက်ခံမှာမဟုတ်ကြောင်း သိရပါတယ်။

ရန်နစ်ဟာ အသင်းရဲ့အမြဲတမ်းနည်းပြရာထူးအတွက် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လာမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဝုဒ်ဝါ့ဒ်ရဲ့နေရာမှာ အမှုဆောင်အရာရှိချုပ်အဖြစ် အစားဝင်မယ့် ရစ်ချတ်အာနိုးလ်လည်း ကြီးမားတဲ့ကိစ္စကို ဖြေရှင်းရဖွယ်ရှိနေပါတယ်။ ရော်နယ်ဒိုဟာ ယခုရာသီမှာ အသင်းအတွက် စုစုပေါင်း ၁၄ ဂိုးသွင်းယူထားပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်နဲ့ လက်စတာနည်းပြ ရော်ဂျာတို့ကို လျာထားလျက်ရှိကြောင်း သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်