ရှေ့သို့
Image

မထိုးရင် ပွဲမကန်ရဘူးဆိုမှ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ သဘောတူလိုက်တဲ့ စမောလင်း

2:59 PM, 6 January

ခရစ္စ စမောလင်းဟာ ကိုဗစ်ကာကွယ်ဆေးမထိုးရင် ပွဲမကန်ရဘူးဆိုတဲ့ စီးရီးအေရဲ့ စည်းမျဉ်းကြောင့် ကာကွယ်ဆေးထိုးဖို့ သဘောတူခဲ့ပြီ ဖြစ်ပါတယ်။ စည်းမျဉ်းသစ်အရ ဆေးမထိုးထားတဲ့ ဘောလုံးသမားအားလုံးကို ယနေ့မှာ အနည်းဆုံး ကာကွယ်၁လုံး မဖြစ်မနေထိုးရမယ်လို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

စီရီးအေမှာ ကာကွယ်ဆေးမထိုးတဲ့ ကစားသမား ၁၀ဦးထဲ ရိုးမားနောက်ခံလူ စမောလင်းလည်း ၁ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်နောက်ခံလူဟောင်းအနေနဲ့ ပွဲဆက်ကစားနိုင်ဖို့အတွက် ယမန်နေ့ကတော့ ကာကွယ်ဆေးထိုးရန် သဘောတူပေးခဲ့ပါတယ်။ နည်းပြ မော်ရင်ဟိုကလည်း မကြာခင် ကစားသမားလုံး ကာကွယ်ဆေးထိုးပြီးလိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

မော်ရင်ဟိုက “အဲ့ဒါတွေက ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်ပြီး ကစားသမားတွေက သူတို့ကိုယ်ပိုင်ဘ၀ကို ကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က ကစားသမားအနည်းငယ် ကိုဗစ်ပိုး တွေ့ခဲ့ပြီး သူတို့က လျှို့ဝှက်ထားဖို့ ပြောတာကြောင့် အဲ့ဒါကို ကျွန်တော်တို့ လေးစားသမှုနဲ့ မပြောခဲ့ပါဘူး”“စည်းမျဉ်းတွေကတော့ စည်းမျဉ်းတွေဖြစ်ပြီး အီတလီအစိုးရက ကာကွယ်ဆေးမဖြစ်မနေ ထိုးရမယ်ပြောတော့ အဲ့ဒါကို ကျွန်တော်တို့ လေးစားရပါမယ်။ ကစားသမားတစ်ယောက် မထိုးပဲ နေရင်လည်း အဲ့ဒါကို လေးစားရမှာ ဖြစ်ပေမဲ့ စည်းမျဉ်းတွေ လိုက်နာမှ သူတို့ အလုပ်လုပ်ပြီး ဘောလုံးကန်နိုင်မှာ ဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

တစ်ဖက်မှာတော့ စမောလင်းဟာ ရိုးမားမှာ နောက်ထပ် အင်္ဂလန်ကစားသမားတစ်ဦးဖြစ်တဲ့ မစ်လန်းနိုင်းစ်နဲ့ မကြာခင် တွဲကစားရဖို့ ရှိနေပါတယ်။

#စီးရီးအေ #ရိုးမား #စမောလင်း