ရှေ့သို့
Image

စည်းလုံးမှုပြိုကွဲကာ ကစားသမားအစုလိုက်အပြုံလိုက် ထွက်ခွာနိုင်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်

9:08 AM, 6 January

ယူနိုက်တက်အသင်းဟာ အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမား အများအပြား ရှိနေကာ အစုလိုက်အပြုံလိုက် ထွက်ခွာရမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ယာယီနည်းပြ ရန်နစ်လက်ထက် ကစားသမားတွေကြား စည်းလုံးမှု ပြိုကွဲခြင်းနဲ့ ရင်ဆိုင်နေရပြီး စုစုပေါင်း ၁၇ဦးလောက်ထိ မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကစားသမားအများစုဟာ စာချုပ်သက်တမ်း ရှိနေတာကြောင့် အသင်းကထွက်ခွာခွင့် မရနိုင်ပေမဲ့ လာမယ့် ၈လအတွင်း အသင်းမှ ကစားသမားအများအပြား ထွက်ခွာဖို့ မျှော်မှန်းထားပါတယ်။ ရန်နစ်ကလည်း အဆိုပါ အခြေအနေအများစုကို သိရှိထားကာ ကစားသမားတွေနဲ့ သူတို့ရဲ့အနာဂတ်တွက် ဆွေးနွေးမှု အများအပြား ပြုလုပ်လျက် ရှိပါတယ်။

အန်တိုနီ မာရှယ်ဟာ ဆီဗီလာအသင်း အငှားနဲ့ ကမ်းလှမ်းလာရင် ထွက်ဖို့ ရှိနေကာ နွေရာသီမှာ အပြီးသတ် ပြောင်းရွှေ့လိုနေပါတယ်။  ပေါဂ်ဘာနဲ့ လင်ဂတ်တို့ကလည်း ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းတိုးခြင်းလည်း မရှိတာကြောင့် ယူနိုက်တက်အတွက် ဘဏ္ဍာရေးအရ ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။

ကာဗာနီကလည်း ဇန်နဝါရီမှာ ထွက်ခွာခွင့် မပေးဘူးလို့ အသိပေးခြင်း ခံထားရပေမဲ့ လာမယ့်နွေရာသီမှာတော့ မာတာနဲ့အတူ စပိန် ဒါမှမဟုတ် မေဂျာလိဂ်မှာ သွားကစားနိုင်ပါတယ်။ ဗန်ဒီဘိခ်၊ ဒင်း ဟန်ဒါဆန်၊ ဘိုင်လီတို့ဟာလည်း ပွဲကစားချိန် နည်းပါးမှုအပေါ် ကျေနပ်ခြင်းမရှိပဲ ရာသီကုန် အသင်းက ထွက်ခွာလိုနေကြပါတယ်။

ဖီးလ်ဂျုံးစ်တစ်ယောက် တနင်္လာနေ့က ပွဲစဉ်မှာ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ပေမဲ့ လာမယ့်လ အသက်၃၀ပြည့်တော့မှာ ဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ရလိုနေကာ ဘင်ဖီကာကို အငှားနဲ့ပြောင်းဖို့ ချိတ်ဆက်နေပါတယ်။ မာတစ်၊ ဖရက်နဲ့ ဒါလော့တို့ဟာလည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်လာပေမဲ ဖရက်နဲ့ ဒါလော့တို့ကိုတော့ နောက်၁နှစ်ထိ စာချုပ်သက်တမ်းတိုးခွင့် ရှိနေပါတယ်။

၂၀၂၃ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေတဲ့ တွမ်ဇီဘီကလည်း ယခုနှစ် ရာသီဝက်ကို ဗီလာမှာ ဖြတ်သန်းခဲ့ပြီး နောက်ရာသီဝက်ကိုတော့ နာပိုလီထံ အငှားနဲ့ ပူးပေါင်းခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရန်နစ်