ရှေ့သို့
Image

ဝုဗ်နဲ့ပွဲအပြီးမှာ ကြယ်ပွင့်တစ်ဦးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်များ

3:02 PM, 4 January

ယူနိုက်တက်ပရိသတ်တွေဟာ ဝုဗ်ကို ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။

ဝမ်ဘစ်ဆာကာဟာ သူ့ရဲ့ဆိုးရွားတဲ့ တိုက်စစ်ကစားဟန်နဲ့ပတ်သက်လို့ ဝေဖန်ခံခဲ့ရတာဖြစ်ပြီး အထူးသဖြင့် ဒုတိယပိုင်းမှာ ဆိုးရွားလှတဲ့ထောင့်ဖြတ်ဘောကြောင့် ပရိသတ်တွေရဲ့ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ပွဲချိန် ၅၈ မိနစ်မှာ ရော်နယ်ဒိုရဲ့လှပတဲ့ပေးပို့မှုကနေ ညာတောင်ပံတစ်လျှောက် ဆွဲပြေးလာတဲ့ ဝမ်ဘစ်ဆာကာဟာ ဝုဗ်နောက်ခံလူ မာကယ်ကို ကျော်ဖြတ်ကာ ဘာဖိအားမှမရှိချိန် ထောင့်ဖြတ်ဘောပေးပို့လိုက်ပါတယ်။

ဒါပေမဲ့ အဲဒီဖြတ်တင်ဘောကို ခြေခွင်နဲ့ ဝေ့ဝိုက်ကန်တင်ရမှာဖြစ်ပေမယ့် ခြေခုံနဲ့ အုပ်ကန်တင်ပေးလိုက်ရာမှာ ချော်သွားပြီး ဆိုးဆိုးရွားရွားအဖြစ် ဂိုးလွန်ဘောဖြစ်သွားရပါတယ်။
''ဝမ်ဘစ်ဆာကာက ပရီးမီးယားလိဂ်ရဲ့အဆိုးရွားဆုံးနောက်ခံလူပဲ။ ဒီလိုပုံစံနဲ့များ ဘယ်လိုလုပ်ပြီး ဘောလုံးသမားဖြစ်လာရတာလဲမသိဘူး''
''ဝမ်ဘစ်ဆာကာက ကျွန်တော်တို့မြင်ဖူးသမျှ နောက်ခံလူတွေထဲ အဆိုးရွားဆုံးပဲ။ အဲ..မက်ဂွါရီနဲ့ပူးတွဲပေါ့''

''ဝမ်ဘစ်ဆာကာတစ်ယောက် အခုထိ ၂၀၂၁ ထဲကနေ ရုန်းမထွက်နိုင်သေးဘူးထင်တယ်။ ကြည့်လေ...၂၀၂၂ မှာလည်း သူ ထောင့်ဖြတ်ဘော မတင်ပေးနိုင်သေးဘူး''လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ