ရှေ့သို့
Image

ယူနိုက်တက်မှာ ပြဿနာအကြီးကြီးတွေရှိနေတယ်လို့ ဆက်တန် သုံးသပ်

1:13 PM, 4 January

ဝုဗ်အသင်းကို အိမ်ကွင်းမှာပဲ ဝ-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းမှာ ပြဿနာအကြီးကြီးတွေရှိနေတယ်လို့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စဆက်တန်က သုံးသပ်ပါတယ်။

ယူနိုက်တက်ရဲ့ ခြေစွမ်း တစ်သမတ်တည်းမရှိမှုက ဒီပွဲမှာလည်း တွေ့ခဲ့ရပြီး အဆင့် ၇ နေရာမှာရပ်တည်နေရရာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရတော့မှာဖြစ်သလို ဆက်တန်က ယူနိုက်တက်အသင်းသားတချို့ဟာ လိုအပ်တဲ့ကြိုးစားအားထုတ်မှုမျိုး မရှိဘူးလို့ ဆိုပါတယ်။

''ယူနိုက်တက်မှာ ပြဿနာကြီးကြီးတွေ အများကြီးရှိနေတယ်။ ဆိုးလ်ရှားလက်ထက်မှာကတည်းက ပြဿနာတွေရှိခဲ့တာ ကျွန်တော်တို့လည်း သိပါတယ်။ သူတို့ဟာ ကစားပုံပြောင်းလဲဖို့ ကြိုးစားပေမယ့် ပြဿနာတွေတော့ရှိနေပါတယ်။ တချို့ကစားသမားတွေက အားသွန်ခွန်စိုက်ပြေးနေချိန်မှာ တချို့ကျတော့ ရပ်ကြည့်နေတာများတယ်။ ဒါက ယူနိုက်တက်အတွက် တကယ့်ပြဿနာကြီးတစ်ရပ်ပါပဲ။ ယူနိုက်တက်ပွဲနဲ့ ချဲလ်ဆီး-လီဗာပူးပွဲကို ကြည့်ရတာက နေ့နဲ့ညလိုပဲ အရည်အချင်းက အတော်လေးကွဲပြားခြားနားပါတယ်''လို့ ဘလက်ဘန်းတိုက်စစ်မှူးဟောင်း ဆက်တန်က ပြောပါတယ်။

နောက်ထပ်ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ ရော့ဂရင်းကလည်း ယူနိုက်တက်အသင်းသားတွေဟာ သူတို့ဆီကနေ အသင်းက ဘာလိုချင်တာလဲဆိုတာ မသိခဲ့ဘူးလို့ ပြောပါတယ်။

ဂိုးသမားဟောင်း ဂရင်းက ယူနိုက်တက်ဟာ လုံလောက်တဲ့လျင်မြန်မှုမျိုးမရှိကြောင်း၊ ဝုဗ်ဂိုးသမား ဟိုဆေးဆာကိုလည်း ပြဿနာကြီးကြီးမားမားမပေးနိုင်ကြောင်း ပြောပါတယ်။
မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချတ်က စိတ်ပျက်စရာတွေအများကြီးရှိပေမယ့် နောက်ခံလူ ဖီးလ်ဂျုံးစ်ရဲ့စွမ်းဆောင်ရည်ကတော့ အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ ချီးကျူးပါတယ်။

၇၀၈ ရက်အတွင်း ယူနိုက်တက်အတွက် ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ မော်တင်ဟိုရဲ့ အနိုင်ဂိုးအတွက် Build-up မှာ အမှားတချို့ကျူးလွန်မိခဲ့ပေမယ့် တစ်ပွဲလုံးစွမ်းဆောင်ရည်အရ ကြည့်ရင်တော့ မြင့်မားတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝုဗ် #ခရစ္စဆက်တန်