ရှေ့သို့
Image

ဝုဗ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်က ဘာအားထုတ်ကြိုးစားမှုမှ မရှိခဲ့ဘူးဆိုပြီး လုခ်ရှော ဝေဖန်

11:25 AM, 4 January

လုခ်ရှောက ယမန်နေ့ည ဝုဗ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အားထုတ်ပုံနဲ့ ကြိုးစားမှု ကင်းမဲ့ခြင်းအပေါ် ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နိုဝင်ဘာလက စတင်တာဝန်ယူခဲ့တဲ့ နည်းပြ ရန်းနစ်လက်ထက် ပထမဆုံး ရှုံးပွဲတွေ့ခဲ့ပါတယ်။
ဒါပေမဲ့ ဆိုးလ်ရှား အထုတ်ခံရတုန်းက ပုံစံအတိုင်းပဲ ခြေစွမ်းက တိုးတက်လာခြင်းမရှိပဲ အိုးထရက်ဖို့ဒ်မှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။

 ဝုဗ်အတွက် ၁လုံးတည်းသော အနိုင်ဂိုးကိုတော့ မော်တင်ဟိုက ၈၂မိနစ်မှာ မြေမကျကန်ချက်နဲ့ သွင်းယူပေးသွားခဲါ့တယ်။
ပွဲအပြီးမှာတော့ လုခ်ရှောက ယူနိုက်တက်အသင်းဟာ လုံလောက်တဲ့ အားထုတ်မှု မရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
လုခ်ရှောက “လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ဘူးဆိုတာ အသိသာကြီးပါ။ ကျွန်တော်တို့ တကယ်ရုန်းကန်ခဲ့ရပြီး ဘောလုံးကိုင်ထားနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးမရချိန်တွေမှာလည်း ပြင်းထန်စွာ လိုက်လုခဲ့ခြင်း မရှိပါဘူး”

“ကျွန်တော်တို့ တိုက်စစ်ကိုလည်း ထိုးဖောက်နိုင်ခြင်း မရှိသလို ပြိုင်ဘက်ကို ဘာဖိအားမှ မပေးနိုင်ခဲ့ပါဘူး။ သူတို့အတွက် ဒီပွဲက လွယ်ကူတဲ့ ပွဲ၁ပွဲလိုတောင် ဖြစ်ခဲ့ပါဘူး။ စိတ်ပျက်စရာ စွမ်းဆောင်ရည်နဲ့ ရလဒ်ပါပဲ”

“ပွဲကန်နေတုန်း ခင်ဗျားတို့လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ကျွနေ်တာ်တို့ ဘောလုံးပေးတဲ့အချိန် ရွေးချယ်စရာ သိပ်မရှိခဲ့ပဲ တိုက်စစ်လိုက်ပါနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ကစားရလို့ ပြိုင်ဘက်ကို ဖိအားပိုပေးပြီး ပြင်းပြမှုကို ပိုယူဆောင်လာဖို့ လိုပါတယ်”

“ကျွန်တော်တို့လို ဒီမှာ အကြာကြီး ကစားနေတဲ့သူတွေအနေနဲ့ ဒီညမှာ ရုန်းကန်ခဲ့ရပြီး အတူတကွ ကစားနိုင်ခဲ့တယ်လို့လည်း မထင်ပါဘူး။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်လို့ ခံစားရပြီး ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ဖို့ လိုတယ်ဆိုတာ သိပါတယ်”

“လူစာရင်းမှာ ရထားတဲ့ ကစားသမားတွေနဲ့ဆိုရင် မယုံနိုင်စရာ အရည်အချင်းကို ပိုင်ဆိုင်ထားပေမဲ့ တစ်ခါတစ်လေ အရည်အချင်းတွေနဲ့တင် လုံလောက်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ ပိုပြီး ပြင်းပြစိတ်၊ တက်ကြွမှုတွေနဲ့ ကစားတတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာ သိပေမဲ့ ကွင်းထဲမှာ ၁၀၀% ပေးဆပ်ကစားနို်ငဖို့ လိုပါတယ်”

“ဒီလိုပွဲတွေကို နိုင်ဖို့က ၁၀၀% အားထုတ်ကြိုးပမ်းဖို့ လိုပါတယ်။ ဒီပွဲက ခက်ခဲပြီး စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ နောက်ပွဲအတွက် လေ့ကျင်ရေးကွင်းမှာ ပြင်ဆင်ပြီး နည်းပြကလည်း ဒီထက်ပိုကောင်းတဲ့ အတွေးအခေါ်တွေ၊ ကွင်းထဲ ဘာလိုချင်လဲ ဆိုတာတွေကို ပြောပြနိုင်မယ် ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လုခ်ရှော #ရန်းနစ်