ရှေ့သို့
Image

ဆိုးလ်ရှားနေရာ ဝင်လာတာဟာ အခက်အခဲဆုံး အလုပ်ဖြစ်နိုင်တယ်လို့ဆိုပြီး ယူနိုက်တက်ဟာ အချိန်ယူရမည် ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ ရန်းနစ်

8:23 AM, 4 January

ရာသီအကုန်အထိ အသင်းကို ကိုင်တွယ်ဖို့ရှိနေရာတွင် ဝုဗ်အသင်းကို ဝ-၁ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲက မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းလဲပစ်ဖို့အချိန်အတော်ကြာ ယူရမည်ဆိုတာကို သတိချပ်စေခဲ့ကြောင်း နည်းပြ ရန်းနစ်က ဝန်ခံပြောကြားခဲ့ပါတယ်။
“ခက်ခဲတဲ့ အလုပ်ဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ် ဒါကြောင့်ဘဲ သူတို့ကျွန်တော့်ဆီ ဆက်သွယ်ပြီး ခေါ်ယူခဲ့တဲ့ အကြောင်းရင်း ဖြစ်တယ်။ အစကတည်းက တိုက်စစ်၊ခံစစ် မှန်ကန်စွာ ဖြစ်ဖို့နည်းလမ်းရှာဖွေရတာ မလွယ်ကူဘူးဆိုတာ ကျွန်တော် နားလည်ထားပါတယ်။

ဒီကနေ့မှာ ကျွန်တော်မရောက်ခင် ၃ပတ် ၄ပတ်ကတည်းက ရှိနေခဲ့တဲ့ ဆင်တူတဲ့ ပြဿနာတွေ ရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ် အသင်းရဲ့ DNA ကို ဘောလုံးပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တိုးတက်စေဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။

ကျွန်တော်တို့ကစားခဲ့သမျှ ဝုဗ်က အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ် လုံးဝကို ဖိအားပေးမကစားနိုင်ဘူး။ ကြိုးစားခဲ့တယ် ဒါပေမဲ့ ဖိအားပေးနိုင်မယ့် အခြေအနေတွေ မစွမ်းဆောင်နိုင်ခဲ့ဘူး။”
ဟု ဆိုသည်။

ယူနိုက်တက်ဟာ မန်စီးတီးကို လိုက်မီခြင်းထက် အောက်ဆုံး နောဝစ်ချ်နဲ့ပိုနီးလာပြီလားဆိုတဲ့ မေးခွန်းကို ရန်းနစ်က “ကျွန်တော် ဘာမှာတော့ အာမ မခံနိုင်ပါဘူး ဒီနေ့စွမ်းဆောင်ရည်ကို ကြည့်ပါ။ ကျွန်တော်တို့ထိပ်ဆုံး၄သင်း ဝင်မယ်လို့၁၀၀% အာမခံကြောင်း ကျွန်တော်ပြောရင်တောင် လူတွေက ယုံကြည်ပါ့မလား မသေချာပါဘူး။ ခက်ခဲမယ်ဆိုတာ သိခဲ့တယ် ဒါပေမဲ့ ဒီကနေ့ပွဲက ကျွန်တော်တို့ရှေ့ဆက်ရမယ့် လမ်းတွေ အများကြီး ရှိသေးတယ်ဆိုတာ ထင်ဟပ်စေခဲ့ပါတယ်။”
ဟု ပြောကြားခဲ့ပါတယ်။

တစ်လုံးတည်းသော အနိုင်ဂိုးသွင်းခဲ့ပြီး ဝုဗ်အသင်းကို ၁၉၈၀နောက်ပိုင်း အိုးထရက်ဖို့ဒ်ကွင်းတွင် ပထမဆုံးနိုင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကွင်းလယ်လူ မော်တင်ဟိုက သွင်းဂိုးဟာ လာမယ့်၃လအတွင်းမှာ ရင်သွေးငယ်မွေးဖွားမယ့် မိန်းမနှင့် သမီးနှစ်ယောက်အတွက် ရည်စူးတယ်လို့အားရဝမ်းသာ ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝုဗ် #ရန်းနစ်