ရှေ့သို့
Image

ဘာလော့တယ်လီရဲ့ အကောင်းဆုံးအသင်းမှာ တိုရေးနဲ့ ဂျရတ်ပါလာပေမယ့် ရော်နယ်ဒို မပါဝင်

1:43 PM, 3 January

မန်စီးတီးတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီဟာ ပူးမားရဲ့ အင်စတာဂရမ်ပေ့ချ်မှာ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာ ယူနိုက်တက်ကြယ်ပွင့် ရော်နယ်ဒို မပါဝင်ဘဲ မန်စီးတီးဂန္ထဝင် ယာယာတိုရေးနဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်တို့ ပါဝင်လာပါတယ်။ ဘာလော့တယ်လီဟာ ပရီးမီးယားလိဂ် အသင်းဖော်ဟောင်းတွေအနက် မန်စီးတီးမှာလက်တွဲခဲ့တဲ့ တိုရေးနဲ့ လီဗာပူးမှာ လက်တွဲခဲ့ဖူးတဲ့ ဂျရတ်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အီတသီသားဖြစ်တာနဲ့အညီ သူ့ရဲ့ အကောင်းဆုံးအသင်းမှာ ဖေဘီယိုကန်နာဗားရိုး၊ အလက်ဇန်ဒရိုနက်စတာ၊ ပီယာလိုနဲ့ ကက်ဆာနိုတို့လို အီတလီကြယ်ပွင့်ဟောင်းတွေကို ရွေးချယ်ခဲ့ပါတယ်။

ပြီးတော့ ဘာလော့တယ်လီရဲ့အကောင်းဆုံးအသင်းမှာ ဘရာဇီးသားတွေလည်း ပါဝင်လာပြီး ဂိုးသမားဟောင်း ဆီဆာ၊ ဘယ်နောက်ခံလူဟောင်း မက်စ်ဝဲလ်နဲ့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပါဝင်လာပါတယ်။ သူ့ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဘာလော့တယ်လီက ''ပီယာလိုဆိုရင် တစ်နှစ် အနည်းဆုံး ၁၀ဂိုးလောက်တော့ အာမခံလို့ရတယ်။ တိုရေးလည်း အတူတူပါပဲ။ အွန်နရီနဲ့ ရော်နယ်ဒို(ဒိုလေး)တို့ကို ချန်လှပ်ခဲ့ပေမယ့် ကျွန်တော့်ရဲ့အကောင်းဆုံးအသင်းက အသင်းကောင်းဖြစ်မယ်လို့ ထင်ပါတယ်''လို့ ပြောပါတယ်။

ဘာလော့တယ်လီရဲ့ အသင်းမှာ ၉၁၇ ပွဲကစား ၆၈၈ ဂိုးအထိ သွင်းယူထားတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို မပါဝင်ပေမယ့် ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီတော့ ပါဝင်ခဲ့ပါတယ်။ ဘာလော့တယ်လီဟာ တူရကီကလပ် အဒါနာဒီမီယာစပေါအသင်းမှာ ကစားနေပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ကလပ်အသင်း ၁၀ မှာ ကစားခဲ့ဖူးပါတယ်။

ဘာလော့တယ်လီရဲ့ အကောင်းဆုံးအသင်း
======================
ဂိုး - ဆီဆာ။
နောက်တန်း - မိုင်ကွန်၊ ကန်နာဗားရိုး၊ နက်စတာ၊ မက်စ်ဝဲလ်။
အလယ်တန်း - ပီယာလို၊ ဂျရတ်၊ တိုရေး၊ ကက်ဆာနို။
ရှေ့တန်း - ရော်နယ်ဒို(ဒိုကြီး)၊ မက်ဆီ။

#မန်စီးတီး #ရော်နယ်ဒို #ဂျရတ် #ယာယာ တိုရေး #ဘာလော့တယ်လီ