ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲတွင် ခံစစ်ပိုင်းမှာ လေးကွေးနေတယ်လို့ ဗန်ဒိုက် ဝေဖန်ခံရ

12:54 PM, 3 January

စတန်းဖို့ဘရစ်ချ်တွင် ချေပဂိုး ပေးလိုက်ရတဲ့ ပူလီဆစ်ရဲ့ ဂိုးတွင် ခံစစ်ပိုင်းမှာ ဗန်ဒိုက်ဟာ နှေးကွေးလွန်းခဲ့တယ်လို့စကိုင်းစပေါ့တ်သုံးသပ်သူတွေက ဝေဖန်သွားခဲ့ပါတယ်။ လီဗာပူးရဲ့ ခံစစ်အမြင့်လိုင်း ကစားမှုကို အခွင့်ကောင်းယူကာ ပူလီဆစ်က သွေးအေးလှတဲ့ ကန်ချက်နဲ့ဂိုးသမား ကယ်လက်ဟာကို ကျော်ပြီး အမြှောက်ဘော ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပူလီဆစ်ဟာ သူရဲ့ ကန်ချက် ဂိုးမရမီ ဘောလုံးကို နေရာလွတ်ထဲမှာ ရယူခဲ့တာ ဖြစ်ပြီး လီဗာပူးနောက်ခံလူဟောင်း ဂရေမီဆောင်းနက်စ်က ဗန်ဒိုက်ဟာ ဖြတ်တင်ဘောကို မတားဆီးခဲ့သလို ကန်ချက်ကိုလည်း ပိတ်ဆို့ထားခြင်း မရှိခဲ့ဘူးလို့ဆိုခဲ့ပါတယ်။

“ဗန်ဒိုက်က ဘာကြောင့် ရှိရမယ့်နေရာမှာ မရှိတာလဲ? သူက ဂိုးပေါက်ဆီသို့သာ နောက်ပြန်သွားနေတယ် သူက ပြေးတောင်မပြေးဘူး”ဟု ပြောပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်ခ်ကလည်း ဗန်ဒိုက်ရဲ့ အားထုတ်မှုကို မေးခွန်းထုတ်ပါတယ်။“ဒါက ပျင်းရိတာမလား ဟုတ်တယ်မဟုတ်လား”ဟုဆိုသည်။ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကလည်း အသင်းဟာ အမြဲတမ်း ခံစစ်လိုင်းရှေ့တက်ပြီး လူကျွံဘောဖမ်းကစားခြင်း နှစ်သက်နေမှုအား ဝေဖန်ပြစ်တင်ခဲ့သသည်။

“သူတို့စွဲလမ်းလွန်နေပါတယ် လီဗာပူးရဲ့ နောက်ခံကစားသမားတွေပါ သူတို့တစ်ယောက်နဲ့တစ်ယောက် တွဲပြီး လိုင်းတစ်ခုပေါ်မှာ နေနေတာကို သင် အများကြီး မြင်ဖူးမှာပါ။ သူတို့တစ်ယောက်နဲ့တစ်ယောက် ကာဗာ မလုပ်ပေးနိုင်ဘူး လူကျွံဘောဖမ်းကစားတာဘဲ လုပ်ချင်နေကြတယ် ပွဲတစ်ပွဲလုံး ဒါကိုဘဲ ကျွန်တော်တို့ သတိထားမိတယ်။  ခံစစ်မှူးနှစ်ယောက်ကြားက ကွာဟချက်က အရမ်းဟလွန်းနေတယ်။ ကနဦးမှာ ဗန်ဒိုက်က နေရာစယူတယ်။ ဘာလို့လဲဆိုတော့ သူက ပြေးလွားသွားဖို့လုံလောက်တဲ့ အားမရှိဘူး  တခြားနောက်ခံလူရဲ့ နေရာကို သူ ကာဗာမလုပ်ပေးချင်ဘူး။ သူ မျဉ်းတစ်ဖြောင့်တည်းမှာဘဲ ဆက်နေတယ် ဒါကြောင့်ဘဲ ဖြတ်တင်ဘောကို တားဖို့သူ အရမ်းဝေးသွားတယ်” ဟု ပြောကြားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်ကလည်း လီဗာပူးခံစစ်လိုင်းက အရမ်းမြင့်လွန်းပြီး ဗန်ဒိုက်တောင် ကစားရတာ သက်တောင့်သက်သာ မဖြစ်နေဘူးလို့ဆိုခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ဗန်ဒိုက်