ရှေ့သို့
Image

အမှတ်ပေးဖလားအား မန်စီးတီးကို ပေးရဖွယ်ရှိတယ်လို့ ဝန်ခံလိုက်တဲ့ ဗန်ဒိုက်

9:39 AM, 3 January

လီဗာပူးအသင်းဟာ အမှတ်ပေးဖလားတိုက်ပွဲမှာ ထပ်မံ လွဲချော်ခဲ့ပြီး မန်စီးတီးဟာ ပရီးမီးယားလိဂ်ကို ၂နှစ်ဆက် ရယူနိုင်ဖို့ရေပန်းစားနေပြီ ဖြစ်ကြောင်း နောက်ခံလူ ဗန်ဒိုက်က ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ စတန်းဖို့ဘရစ်ချ်ကွင်းတွင် ကြိုးကြာနီတွေဟာ ၂၈မိနစ် အတွင်း ၂ဂိုးပြတ် ဦးဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြင်္သေ့ပြာတွေရဲ့ အားထုတ်ကြိုးပမ်းမှုကို တောင့်မခံနိုင်ဘဲ ပထမပိုင်း မပြီးခင်မှာတင် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။

ဒီဘရိုင်းနှင့် မန်စီးတီးအသင်းဟာ နိုင်ပွဲတွေ ဆက်လက် ရယူနေခဲ့ပြီး ချဲလ်ဆီးနဲ့ ၁၀ မှတ်အကွာ၊ လီဗာပူးနဲ့ ၁၁မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ နောက်ဆုံး ၄ ပွဲမှာ ၁ပွဲသာ နိုင်ခဲ့ပြီး ရလဒ်တွေ တိမ်းစောင်းလာနေပါတယ်။ အမှတ်ပေးဖလားကို လက်မလျော့သေးပေမယ့် ချဲလ်ဆီးနဲ့ပွဲကို သရေကျ ပြီးနောက် နယ်သာလန်သားဟာ စိတ်ပျက်အားလျော့နေခဲ့ပါတယ်။

“ယုံကြည်မှုရှိတာက ဘယ်တော့မှ ခက်ခဲမှု မရှိပါဘူး” ဟု မိနစ်၉၀အပြီး ဗန်ဒိုက်က ပြောပါတယ်။ “ကြီးမားတဲ့ ကွာဟချက်ရှိနေပါတယ် စီးတီးက လောလောဆယ် ရှုံးပွဲမရှိ အမှတ်ပေးဖလားကို ရယူနိုင်ရန် အခြေအနေကောင်းနေပေမယ့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကံမကောင်းစွာဘဲ ကျွန်တော်တို့ချဲလ်ဆီးနဲ့ပွဲကို ကစားခဲ့ရပြီး ရှေ့မှာလည်း ကွာဟချက်တွေ ရှိခဲ့ပါတယ် ရမှတ်တွေကို ကျွန်တော်တို့လက်လွတ်စပယ် ပေးလိုက်ရပါတယ်။ ဘာမဆိုတော့ ဖြစ်နိုင်ချေ ရှိပါတယ်။ ကိုယ်တိုင်ဘဲ အာရုံစိုက်ရမှာပါ။ ချဲလ်ဆီးကလည်း သူတို့ကိုယ်တိုင် အာရုံစိုက်မှာပါ။ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ပါပဲ။ ဘောလုံးကို ကောင်းစွာကစားမယ် ပွဲတွေ နိုင်မယ် ရလဒ်တွေ ရမယ်။ ပြောရတာကတော့ လွယ်ပါတယ် ဒါပေမဲ့ သင်မြင်တဲ့အတိုင်း ခက်ခဲပါတယ်”ဟု ပြောဆိုခဲ့သည်။

ကြိုးကြာနီတွေဟာ ကိုဗစ်ပိုးရှိသူတွေ ဒဏ်ရာပြဿနာများစွာဖြင့် ခရစ္စမတ်ကာလကို ဖြတ်သန်းခဲ့ရပြီး လက်စတာကို ရှုံး၊ တော့တင်ဟမ်နဲ့ချဲလ်ဆီးကို သရေကျခဲ့ပါတယ်။ ယခုလမှာလည်း အာဖရိကဖလားကို မာနေး၊ ကေတာ၊ ဆာလက်တို့သွားကစားရမှာဖြစ်ပြီး အာဆင်နယ်နဲ ့ကစားမယ့် အက်ဖ်အေ၊ ဘရန့်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်တို့နှင့် ပရီးမီးယားလိဂ်ပွဲတွေကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

#လီဗာပူး #မန်စီးတီး #ဗန်ဒိုက်