ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ ပွဲထွက်ကနေ ဖယ်ရှားခံရပြီးနောက် လူကာကူနှင့် နှစ်ကိုယ်ကြား ဆွေးနွေးသွားမည့် တူချယ်

8:29 AM, 3 January

သောမတ်စ်တူချယ်ဟာ ယနေ့မှာဘဲ တိုက်စစ်မှူး လူကာကူနဲ့တိုက်ရိုက် ဆွေးနွေးမှု လုပ်ဆောင်သွားမည် ဖြစ်ပြီး ကလပ်ရဲ့ စံချိန်တင်ကစားသမားဟာ လီဗာပူးနဲ့၂-၂ သရေကျတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ဖယ်ရှားခံရတာ ဖြစ်ပါတယ်။လူကာကူဟာ ပြီးခဲ့တဲ့အပတ်က စကိုင်းအီတလီနဲ့အင်တာဗျူးတွင် ချဲလ်ဆီးမှာ မပျော်ရွှင်ကြောင်း လူသိရှင်ကြား ဖွင့်ဟခဲ့တဲ့နောက် ချဲလ်ဆီးပရိသတ်များရဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကြယ်ပွင့်အား တူချယ်အနေဖြင့် နှစ်ကိုယ်ကြား ဆွေးနွေးသွားရန် ရှိနေပြီး ဗုဒ္စဟူးညမှာ ကာရာဘောင်ကွာတားဖိုင်နယ် အဖြစ် ကစားမယ့် တော့တင်ဟမ်နဲ့ပွဲတွင် ထည့်သွင်းမလားဆိုတာ ဆုံးဖြတ်သွားဖွယ် ရှိသည်။

လူကာကူရဲ့ အခြေအနေကို တူချယ်အား မေးမြန်းရာတွင် ဂျာမနီသားက“ပထမဆုံး ကျွန်တော်တို့အခြေအနေကို ဖြေရှင်းဖို့လိုအပ်နေပါတယ်။ မီဒီယာ နှင့် တခြားဖိအားတွေကို နားထောင်ဖို့မလိုပါဘူး။ သူ ဘာပြောသလဲနှင့် ဘာကြောင့် ပြောလဲ နားလည်ပါတယ် နောက်ပိုင်းမှာ ဗုဒ္စဟူးအတွက် သူ ပွဲထွက်ခွင့်ရမလားဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချသွားမှာပါ”

စတန်းဖို့ဘရစ်ချ်ပွဲတွင် ချဲလ်ဆီးဟာ လီဗာပူးကို ၂ဂိုးပြတ် ဦးဆောင်ခံရပြီးမှ နောက်ကနေ လိုက်ကစားကာ ၂ဂိုးပြန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကစားသမားဟောင်း ဟယ်ဆယ်ဘိန့်ခ်က လူကာကူနှင့် ချဲလ်ဆီးဟာ ပြန်လည်သင့်မြတ်ရမည်ဟု ဆိုခဲ့သည်။

“ပြန်ကစားရမယ့် အခြေအနေ ရှိရပါမယ် သူကို ကလပ်က ပိုင်ပါတယ်။ ချဲလ်ဆီးက ငွေများစွာ သုံးထားတာပါ။ လူကာကူကို အဆိုပါပမာဏအတိုင်း ပြန်ပေးပြီး  ဝယ်ယူမယ့် အသင်းမရှိပါဘူး။ ဒါကြောင့် ဒီငွေက ရင်းနှီးမြှပ်နှံမှုပါ။ လူကာကူနဲ့ နည်းလမ်းတစ်ခု ပြန်ရှာရပါမယ်။ သူကလည်း စည်းကမ်းသတ်မှတ်ချက်တွေကို နားလည်ပြီး ရှေ့ဆက်သွားရပါမယ်”ဟု ဆိုသည်။

အလားတူ ဟယ်ဆယ်ဘိန့်ခ်နဲ့အတူတူသုံးသပ်နေတဲ့ ဂရေမီဆောင်းနက်စ်ကလည်း လူကာကူဟာ ပြန်လည်တောင်းပန်မှု လုပ်ခဲ့ရင် အသင်းမှာ ပြန်ကစားခွင့်ရနိုင်တယ်လို့အကြံပေးပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #လူကာကူ #တူချယ်