ရှေ့သို့
Image

အသင်းသားအချင်း ပိုပြီးနားလည်မှုရှိဖို့လိုကြောင်း ပြောလာတဲ့ ဒါလော့

5:40 PM, 2 January

မန်ချက်စတာယူနိုက်တက် ကစားသမားတွေအနေနဲ့  ပိုပြီးတော့ နားလည်မှုရှိရှိ ကစားဖို့လိုအပ်နေပြီဖြစ်ကြောင်း ညာနောက်ခံလူ ဒီယိုဂိုဒါလော့က ပြောခဲ့ပါတယ်။ 

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ အတွဲမညီ ဖြစ်နေတာကို ထောက်ပြဝေဖန်ခဲ့ပြီး နိုင်ငံတူ အသင်းဖော်တစ်ဦးပဲဖြစ်တဲ့ ဒီယိုဂိုဒါလော့က နည်းပြရန်နစ်ကလည်း ကစားသမားတွေကြား ညည်းညူနေတာကို ရပ်တန့်ပြီး ပိုပြီးစည်းလုံးတဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်ချင်နေကြောင်း ပြောခဲ့ပါတယ်။ 

ဒါလော့က် “ အားမလိုအားမရဖြစ်တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ပိုပြီးအချိတ်အဆက်မိတဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နေပါတယ်။ ဒါက ကျွန်တော်တို့ကို ပိုပြီးအားကောင်းစေပေမယ့် အခြားအသင်းတွေနဲ့ ယှဥၤရင်တော့ တက်ကြွမှုပိုင်း အားနည်းနေတာ တွေ့ရပါတယ်။ အမှားလုပ်လုပ် မလုပ်လုပ် တစ်ယောက်ကိုတစ်ယောက် အကောင်းမြင်ပြီး အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်သွားဖို့ လိုပါတယ်။ ဒါက အကြံကောင်းပါပဲ။ အကောင်းဆုံးခြေစွမ်းနဲ့ အကောင်းဆုံးစိတ်ဓာတ်ကို ရရှိဖို့ ကြိုးစားသွားမှာပါ ” လို့ ပြောခဲ့ပါတယ်။ 

ဒါလော့ဟာ နည်းပြရန်နစ်လက်ထက်မှာတော့ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်တွေ ပိုမိုရရှိခဲ့ပြီး တနင်္လာနေ့မှာ ကစားရမယ့် ဝုဗ်နဲ့ပွဲစဉ်မှာလည်း ပါဝင်လာဖွယ် ရှိနေပါတယ်။ ပေါ်တူဂီသားလေးက ယူနိုက်တက်ရဲ့ ပုံစံသစ်ကို ခံစစ်ကနေစပြီး ပြောင်းလဲသင့်ကြောင်းလည်း ပြောခဲ့ပါတယ်။ 

ဒါလော့က “ အကောင်းဆုံး တိုက်စစ်ဆိုတာ ခံစစ်ကောင်းနေမှရမှာပါ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ တိုက်စစ်ကစားသမားတွေ ရှိနေတာကြောင့် တိုက်စစ်က ဂိုးသွင်းတိုင်း ခံစစ်က ဂိုးမပေးဖို့လိုပါတယ်။ အမြန်ဆုံး အသားကျမှဖြစ်မှာပါ။ နည်းပြက ကစားကွက်ကို ပြောင်းချင်ရင်ကိုယ်ကလည်း ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ လိုက်ပါပြောင်းလဲနိုင်ရပါမယ်။ 

ဒါက ကျွန်တော်တို့ကို အကောင်းဆုံးနဲ့ အကြံ့ခိုင်ဆုံး ကစားကွက်ဖြစ်လာစေနိုင်တာကြောင့် တကယ်လည်း အဲ့ဒီလို တည်ဆောက်ချင်ပါတယ်။ နည်းပြကြီးက ကျွန်တော်တို့ကို ကြံ့ခိုင်မှု ပိုကောင်းအောင်လုပ်ဖို့နဲ့ အားစိုက်ကစားဖို့ ပြောပါတယ်။ ဒါက ဂျာမနီက နည်းစနစ်တွေဆိုတာတော့ ကျွန်တော်သိတယ်။ ကျွန်တော်တို့အသင်းသားတွေရဲ့ စိတ်ဓာတ်ကလည်း အဲ့ဒီလိုပဲဖြစ်လို့ နည်းပြကြီးရဲ့ နည်းစနစ်တွေနဲ့ ကိုက်ညီမယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ 

https://www.dailymail.co.uk

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဒီယေဂိုဒါလော့