ရှေ့သို့
Image

အာဆင်နယ်စတား ဆာကာကို ရော်ဘင်လက်သစ်လို့ အာဆင်နယ်ပရိသတ်တွေ ကင်ပွန်းတပ်

1:20 PM, 2 January

အာဆင်နယ်ပရိသတ်တွေက မန်စီးတီးနဲ့ပွဲမှာ ပြသခဲ့တဲ့ ဆာကာရဲ့ ခြေစွမ်းကို ရော်ဘင်လက်သစ်လို့ တင်စားနေကြပါတယ်။ အာတီတာရဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဆာကာကလည်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတာ ဖြစ်ပါတယ်။

စီးတီးအသင်းနဲ့ အိမ်ကွင်းပွဲမှာလည်း ဆာကာဟာ လှပတဲ့အဖွင့်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ၂၀၂၁ ရဲ့ နောက်ဆုံး ၂ ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့သလို ဆာကာဟာ နှစ်သစ်မှာလည်း သွင်းဂိုးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တီယာနေးရဲ့ ဖန်တီးပေးမှုကနေ ဆာကာက အာဆင်နယ်အတွက် အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။

အဆိုပါအခိုက်အတန့်ကို အာဆင်နယ်ပရိသတ်တွေက ချီးကျူးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ "ဆာကာက ရော်ဘင်ကိုပြန်ပြီး အသက်သွင်းထားတဲ့သူပါ"လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ "ဘယ်လောက်တောင်ကောင်းလိုက်တဲ့ အဆုံးသတ်လဲ။ တကယ့်စကေးကောင်းဖြစ်ပြီး ရော်ဘင်ကိုတောင် အမှတ်ရမိပါတယ်"လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

"ချစ်တယ် ဆာကာရေ။ စူပါစတား"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

#အာဆင်နယ် #မန်စီးတီး #တီယာနေး #ဆာကာ