ရှေ့သို့
Image

၆ပွဲဆက် ရှုံးနိမ့်ထားသော်လည်း ဝက်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ရစ်မည်ဟု ရာနီယာရီ အခိုင်အမာဆို

12:20 PM, 2 January

ဝက်ဖို့ဒ်နည်းပြ ကလောက်ဒီယို ရာနီယာရီက အသင်းဟာ ၆ပွဲဆက် ရလဒ်တွေ ဆိုးရွားနေသော်လည်း တန်းတင်ကျန်ရစ်မည်ဟု ယုံကြည်နေပါတယ်။ အောက်တိုဘာလက အသင်းကို စတင်ကိုင်တွယ်ပြီးနောက် ၁၂ပွဲ နည်းပြရာမှာ ၁၀ပွဲအထိ ရှုံးနိမ့်ထားပြီး ယနေ့မှာ ဘန်လေက လိဒ်စ်ကို နိုင်ခဲ့ရင် တန်းဆင်းဇုန်ထဲ ဝက်ဖို့ဒ် ကျရောက်သွားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်စတာကို ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့သူ အီတလီသားနည်းပြကြီးက တော့တင်ဟမ်ကို နောက်ခံလူ ဆန်းချက်ဇ်ရဲ့ ၉၇မိနစ် နောက်ကျဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးတွင် အသင်းက ခံစစ်ပိုင်း တိုးတက်လာသည်ဟု ယူဆနေတာ ဖြစ်ပါတယ်

“ကျွန်တော်တို့အသက်ရှင်ကျန်ရစ်မှာပါ ဝက်စ်ဟမ်းနဲ့ပွဲက နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲထက် စွမ်းဆောင်ရည်က ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းမာခဲ့တယ် တည်ငြိမ်မှု ရှိခဲ့တယ် တန်ပြန်တိုက်စစ်ကနေ တစ်လုံးမှ ဂိုးမပေးခဲ့ရဘူး။ ပထမပိုင်းမှာ ပေးပို့မှုတွေ လွဲချော်ခဲ့တယ် ဒါပေမဲ့ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းခဲ့ပါတယ် ဂျိူရူအာ ကင်း ကောင်းမွန်တဲ့ ကန်ချက် ရခဲ့ပေမယ့် ဟူဂိုလိုရစ်လည်း ကောင်းစွာ ကာကွယ်ခဲ့တယ် အဆုံးသတ်မှာ ခေါင်းတိုက်ဂိုး ပေးရမယ်လို့ကျွန်တော် မထင်မိခဲ့ပါဘူး  ကျွန်တော့်ကစားသမားတွေက အရပ်အမောင်းမြင့်တဲ့အတွက် မယုံကြည်နိုင်စရာပါပဲ” ဟု ဆိုသည်။

ဂျာအို ပီဒရိုကို ဧရိယာအတွင်း တော့တင်ဟမ်ဂိုးသမား လိုရစ် လဲချခဲ့ပေမယ့် ပင်နယ်တီ မပေးခဲ့တဲ့  ဒိုင်လူကြီး ရော့ဘ်ဂျုံးစ်ကို တစ်စုံတရာ ပြစ်တင်ခြင်း ရာနီယာရီ မလုပ်ခဲ့ပါဘူး။ “ဒိုင်နှင့် VAR က ပင်နယ်တီ မဟုတ်ဘူးဆိုတော့လည်း အိုကေပါတယ်”ဟု ပြောပါတယ် ဇန်နဝါရီ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ရာနီယာရီက ပြောရာမှာ “ကျွန်တော်အနေနဲ့ကတော့ အာဖရိကဖလားမှာ ကစားသမားတစ်ချို့ဆုံးရှုံးရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘုတ်အဖွဲ့နဲ့ စကားပြောရမယ်။ ကစားသမားတွေ သူတို့ခေါ်ယူဖို့ကြိုးစားမယ်ဆိုတာ သေချာပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

#ရာနီယာရီ #ဝက်ဖို့ဒ် #ဆန်းချက်ဇ်