ရှေ့သို့
Image

မာယော့ကာနဲ့ ပွဲစဉ်အတွက် ဘာစီလိုနာB အသင်းမှ ကစားသမား ၉ဦးကို ခေါ်သွားရတဲ့ ဇာဗီ

9:46 AM, 2 January

ဘာစီလိုနာအသင်းဟာ ကိုဗစ်၁၉၊ ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြစ်ဒဏ်တွေနဲ့ ဆက်လက်ရင်ဆိုင်နေရကာ ယနေ့ည မာယော့ကာနဲ့ပွဲစဉ်အတွက် ဘာစီလိုနာB  ကစားသမားတွေကို ခေါ်သွားခဲ့ရပါတယ်။ ဘာစီလိုနာBအသင်းမှ ကစားသမား ၉ဦးကို  နည်းပြ ဇာဗီတစ်ယောက် ရွေးချယ်ကာ ယနေ့ညပွဲစဉ်အတွက် လူစာရင်း ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ ဒါဂျီနို ဒက်စ်၊ ကော်တင်ဟို၊ အယ်လ်ဘာ၊ ဘယ်လ်ဒီ၊ အက်ဘ်ဒီ၊ ဒမ်ဘီလီ၊ ဂါဗီ၊ ဒန်နီအဲဗက်စ်တို့အားလုံး လွဲချော်မှာ ဖြစ်ပြီး အမ်တီတီနဲ့ လန်ဂလက်တို့ကတော့ ကိုဗစ် Neagtive ပြခဲ့ပြီးနော်က ယနေ့ညပွဲကို ပြန်ပါလာဖို့ ရှိနေပါတယ်။ ဖာတီ၊ ပီဒရီ၊ ဒီပေး၊ ဘရိဝိတ်၊ ရောဘတ်တိုတို့အားလုံး ဒဏ်ရာကြောင့် ယနေ့ညပွဲစဉ်ကို လွဲချော်မှာဖြစ်ကာ ဘက်စ်ကွက်ကတော့ ပွဲပယ်ပြစ်ဒဏ်ထိထားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယနေ့နံနက် အစောပိုင်းမှာ မာယော့ကို သွားမှာဖြစ်ပြီး ပွဲအပြီးမှာ တန်းပြီး ကတ္တလန်ကို ပြန်မှာလို့ သိရပါတယ်။ ဇာဗီ မာယော့ကာနဲ့ပွဲစဉ်အတွက် ခေါ်သွားတဲ့ ကစားသမားများ “ တာစတီဂန်၊ ပီကေး၊ အရူဂျို၊ ရီကွီ ပုချ်၊ နီတို၊ လန်ဂလက်၊ လုခ် ဒီဂျောင်၊ မင်ဂွီဇာ၊ အမ်တီတီ၊ အဲရစ် ဂါစီယာ၊ ပီနာ၊ နီကို၊ ဂျက်ဂ်လာ၊ ဆန်ဇ်၊ ကိုမက်စ်၊ အီလီယက်စ်၊ ဂူလီယန်၊ အက်စ်တာနစ်၊ ဒီ ဗီဂါ၊ မာနိုလ်

#ဇာဗီ #ကော်တင်ဟို #မာယော့ကာ ဘာစီလိုနာ