ရှေ့သို့
Image

ဆာလက်နဲ့ မာနေးတို့နေရာ အတွက် ရာဖင်ညာကို လီဗာပူး ခေါ်ယူသင့်တယ်လို့ ဂျွန်ဆင် တိုက်တွန်း

2:26 PM, 1 January

လီဗာပူးအသင်းအနေနဲ့ အဓိကတိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလက်နဲ့ မာနေးတို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူသင့်တယ်လို့ ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးဟာ ယခုလအတွင်း ဆာလက်နဲ့ မာနေးတို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကြောင့် လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပြီး နည်းပြကလော့ပ်လည်း အိုရီဂီနဲ့ မီနာမီနိုတို့ကို ထုတ်သုံးဖွယ်ရှိပေမယ့် ဆောင်းဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားဖို့လည်း များနေပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ် အတွင်း ရာဖင်ညာကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေရှိခဲ့ပြီး ညာနောက်ခံလူဟောင်း ဂျွန်ဆင်က ရာဖင်ညာကို ခေါ်ယူလိုက်တာက ဇန်နဝါရီလအတွက် ကာဗာလုပ်ရုံသာမက ရေရှည်အတွက်လည်း အကျိုးရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

''မီနာမီနိုနဲ့ အိုရီဂီတို့ကို မလေးစားတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က မာနေးနဲ့ ဆာလက်တို့လောက် မဟုတ်ပါဘူး။ သူတို့က အရေးပါတဲ့ကစားသမားတွေဖြစ်ပြီး အထူးသဖြင့် အိုရီဂီဆိုရင် ပွဲကစားဖို့ အမြဲတမ်းအသင့်ရှိနေတတ်ပါတယ်။ ဒါပေမဲ့ မိနစ် ၉၀ကစားဖို့အတွက်တော့ အိုရီဂီက လီဗာပူးရဲ့ အနေအထားမျိုးမှာမရှိသေးဘူးလို့ထင်ပါတယ်။ လီဗာပူးဟာ ဆာလက်နဲ့မာနေးတို့အတွက် ကာဗာလုပ်ဖို့အတွက်သာ မဟုတ်ဘဲ ရာသီသစ်အတွက်ပါ အဆင်ပြေနိုင်မယ့်ကစားသမားမျိုး ခေါ်သင့်ပါတယ်။ ကျွန်တော်ကတော့ ရာဖင်ညာကို ထောက်ခံချင်ပါတယ်။ သူက မာရက်ဇ်လို ကစားသမားမျိုးပါ။ လိဒ်စ်ယူနိုက်တက်က ရုန်းကန်နေရပြီး အသင်းဘက်ကလည်း ရန်ပုံငွေ လိုအပ်နေပါလိမ့်မယ်။ တခြားကစားသမားတွေလည်းရှိပေမယ့် တချို့ကျတော့ ခေါ်ဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ ရာဖင်ညာကတော့ ခေါ်နိုင်ဖို့ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်''လို့ ဂျွန်ဆင်က ပြောပါတယ်။

ရာဖင်ညာဟာ ယခုရာသီမှာလည်း လိဒ်စ်ယူနိုက်တက်အတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ပရီးမီးယားလိဂ်မှာ ၈ဂိုးအထိသွင်းယူထားနိုင်ရာ လီဗာပူးအပါအဝင် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။

#လီဗာပူး #အာဆင်နယ် #ဆာလက် #မာနေး #ရာဖင်ဟာ #ဂလင်းဂျွန်ဆင်