ရှေ့သို့
Image

ဆာအဲလက်စ်ဖာဂူဆန်ထံ မွေးနေ့ဆုတောင်းစကား ပေးပို့လိုက်တဲ့ ဂျာဂင်ကလော့ပ်

11:57 AM, 1 January

မန်ချက်စတာယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ထံ လီဗာပူးမန်နေဂျာ ဂျာဂင်ကလော့ပ်က မွေးနေ့ဆုတောင်းစကား ပါးလိုက်ပါတယ်။ စကော့တလန်သားနည်းပြကြီးဟာ နှစ်သစ် (သောကြာနေ့) မှာ အသက်၈၀ပြည့်ခဲ့ပြီး ကစားသမားတွေနှင့် မန်နေဂျာတွေဆီက မွေးနေ့ဆုတောင်းစာလွှာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ မန်ချက်စတာယူနိုက်တက်နှင့် လီဗာပူး တို့နှစ်သင်းကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြပေမယ့် လီဗာပူးလက်ထောက်နည်းပြ ပီတီ ခရာဝီဇ်နှင့် ဖာဂူဆန်တို့ရဲ့ မွေးနေ့တို့ကို ကလော့ပ်က ဆုတောင်းစကား ဆိုပေးခဲ့ပါတယ်။

စကိုင်းစပေါ့တ်နဲ့အင်တာဗျူးတွင် ကလော့ပ်က ပြောရာမှာ“ဒီနေ့က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မွေးနေ့ဆိုတာ သိပါတယ် ဒါကြောင့် ပျော်ရွှင်စရာ မွေးနေ့ပါ။ ဆာအဲလက်စ် …ကြီးကျယ်ခမ်းနားတဲ့သူပါ။ ပြီးတော့ ကျွန်တော့်လက်ထောက် ပီတီ ခရာဝီဇ်က ဒီနေ့ဘဲ အသက်၅၀ ပြည့်ပါတယ် ဒါကြောင့် နောက်ထပ် ဘောလုံးကို ကြွယ်ဝစွာ သိတဲ့ နည်းပြတစ်ဦးရဲ့ အရေးပါတဲ့ မွေးနေ့ပါပဲ”ဟု ပြောကြားသွားခဲ့ပါတယ်။

၂၀၁၅ခုနှစ်က အန်ဖီးလ်သို့ကလော့ပ်ရောက်လာချိန်မှာ ဖာဂူဆန်ဟာ ကလော့ပ်ကို လေးစားတဲ့ စကားတွေ ပြောဆိုခဲ့ဖူးပါတယ်။

“သိပ်ကောင်းတဲ့ ခန့်အပ်မှုပါပဲ ကလော့ပ်ကို ကျွန်တော် လေးစားပါတယ်။ ဂျီနီဗာမှာ ဖီဖာနည်းပြအတန်း တွေ့ဆုံပွဲမှာကတည်းက ဂျာဂင်ကို ကျွန်တော် ကောင်းစွာသိပါတယ်။ သူက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ သန်မာတယ်။ အရမ်းခေါင်းမာတယ်။ စိတ်ပိုင်းဖြတ်မှု ရှိတယ် သူရဲ့ ဒေါ့မွန်မှာ ရှိတဲ့ စွမ်းဆောင်ရည်တွေက ထိပ်ပိုင်းကို တက်လာပါတယ် သူ အကောင်းဆုံး လုပ်နိုင်မယ်လို့ထင်ပါတယ်။ လီဗာပူး ဖြစ်နေတဲ့အတွက် ဒီလိုပြောရတာ ကျွန်တော် မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီအကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်လို့ပါ ဒါပေမဲ့ နိုး သူ အကောင်းဆုံး လုပ်ပါလိမ့်မယ်”ဟု ဖာဂူဆန်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ကလော့ပ် #ဖာဂူဆန်