ရှေ့သို့
Image

တစ်နှစ်တာ ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းတွင် ဆာလက်အစား ဆာကာကို ရွေးချယ်ခဲ့တဲ့ ဂါရတ်ခရွတ်စ်

11:53 AM, 1 January

ဘီဘီစီအားကစားသုံးသပ်သူ ဂါရတ်ခရွတ်စ်က သူရဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးအသင်း ရွေးချယ်ရာတွင်  လီဗာပူးကြယ်ပွင့် ဆာလက်ကို မရွေးချယ်ခဲ့ဘဲ အာဆင်နယ်လူငယ်ကစားသမားလေး ဆာခါကို ရွေးချယ်ခဲ့ပါတယ်။

မန်စီးတီးကစားသမား ၅ယောက်၊ ချဲလ်ဆီးကစားသမား ၂ယောက်၊ ဝက်စ်ဟမ်း ကစားသမား ၂ယောက်၊ လီဗာပူးကစားသမား ၁ယောက် ၎င်းရဲ့ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခဲ့ပါတယ်။ ၂၀၂၁အတွင်း ဆာလက်ဟာ လိဂ်သွင်းဂိုး ၂၁ဂိုးသွင်းခဲ့ပြီး အဖွင့်၁၉ပွဲမှာ ၁၅ဂိုး အထိ သွင်းခဲ့ပေမယ့် ဆာကာကိုသာ ခရွတ်စ်က နှစ်သက်ခဲ့ပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာကလည်း  ၂၀၂၁အတွင်း ခြေစွမ်းပြခဲ့ပြီး လိဂ်ဂိုး ၈ဂိုး သွင်းခဲ့ပါတယ်။ ဆာလက်မပါဝင်ရတဲ့အကြောင်းရင်းကို ခရွတ်စ်က ရှင်းမပြခဲ့ပေမယ့် ဆာကာအကြောင်းကို ပြောပြခဲ့ပါတယ်။

“ယူရို၂၀၂၀ ဖိုင်နယ်က ပင်နယ်တီလွဲချော်မှုကို သူအနေနဲ့ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပါတယ် တစ်နိုင်ငံလုံးကလည်း အာဆင်နယ်အတွက် ဆာကာ ကိုယ်စားပြုကစားတိုင်းမှာ နိုင်ငံအတွက် ကစားတိုင်းမှာ အားပေးခဲ့ကြတဲ့အတွက် သူ့ကို အကူအညီ  ဖြစ်စေပါတယ်။ တစ်နှစ်လုံးလည်း ဆာကာရဲ့ ခြေစွမ်းက တည်ငြိမ်မှုရှိခဲ့ပြီး အာဆင်နယ်ရဲ့ အကောင်းဆုံကစားသမားဆိုတာ လွယ်ကူလွန်းပါတယ် နောဝစ်ချ်နဲ့ပွဲမှာ သူရဲ့ သွင်းဂိုး ၂ဂိုးက အာဆင်နယ်အသင်း ဘာကြောင့် အံ့အားသင့်စရာ ခြေစွမ်းပြပြီး ထိပ်ဆုံး၄သင်းထဲ သက်တောင့်သက်သာ ရှိစေသလဲ အကြောင်းပြချက်တွေဘဲ ဖြစ်တယ်။ သူက အသက်၂၀အရွယ်ဘဲ ရှိသေးပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်နိုင်ဖို့အတွက်တော့ ငယ်ရွယ်လွန်းနေတာက ဝမ်းနည်းစရာပါ ဒါပေမဲ့ အချိန်က စကားပြောသွားမှာပါ”ဟု ဆိုခဲ့သည်။

ခရွတ်စ်ရဲ့ ရွေးချယ်မှုတွင် ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်နှင့် အာနိုးတို့ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ခရွတ်စ်က အာနိုးကို ရူဒီဂါ၊ ဒီယက်စ်တို့၃ယောက်တန်းမှာ ထားခဲ့တာ ဖြစ်ပါတယ်။ ရီစီဂျိမ်းစ်က ကွင်းလယ်၄ယောက်တန်းတွင် ပါခဲ့ပြီး  ဒကလန်ရိုက်စ်၊ ဂမ်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ပါခဲ့ပါတယ်။

ဂိုးသမားနေရာတွင် အီဒါဆန်ကို ရွေးချယ်ထားပြီး တိုက်စစ် ၃ယောက်တွင် အန်တိုနီယို၊ ဖိုဒမ်တို့ပါခဲ့ပါတယ်။

#လီဗာပူး #ဆာကာ #ဆာလက် #ခရွတ်စ်