ရှေ့သို့
Image

လီဗာပူးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်လခန့်အနားယူရတော့မယ့် ဗာဒီ

10:11 PM, 31 December

လက်စတာစီးတီး တိုက်စစ်မှူး ဂျေမီဗာဒီကတော့ ဒဏ်ရာကြောင့် တစ်လခန့်အနားယူရတော့မယ်လို့ သိရပါတယ် အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ လက်စတာက လီဗာပူးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးနောက်ခံလူ ဂျိုးလ်မာတစ်ရဲ့ ရှင်းထုတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပေမယ့် ပွဲပြီးတဲ့ထိ ကစားသွားခဲ့ပါတယ်။ 

ဗာဒီကို ကွင်းထဲမှာ ဆေးကုသမှုတွေ ပြုလုပ်ခဲ့ရပြီး အခုချိန်မှာတော့ ၃၄ နှစ်အရွယ် ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ဇန်နဝါရီတစ်လလုံးကို ဘောလုံးကစားနိုင်တော့မှာ မဟုတ်ပါဘူး။ လက်စတာနည်းပြ ရော်ဂျာကတော့ “ နောက်သုံးပတ်၊ လေးပတ်လောက်နေမှ ပြန်ကစားနိုင်ပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။ 

ဗာဒီဟာ အဆိုပါဒဏ်ရာကြောင့် ဘောက်ဆင်ဒေးနေ့က မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ပြန်ကစားနိုင်ရုံသာ ရှိပါသေးတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ လာမယ့်လထဲမှာ လက်စတာကစားရမယ့် ပွဲစဉ်က ၃ ပွဲသာ ရှိပါတယ်။ 

FA ဖလားမှာ ဝက်ဖို့ဒ်နဲ့ ကစားရမှာဖြစ်ပြီး၊ ပရီးမီးယားလိဂ်မှာတော့ ဘန်လေ၊ ဘရိုက်တန်တို့နဲ့ ကစားရမှဖြစ်လို့ ဗာဒီပြန်ကစားနိုင်မယ့် ပွဲစဉ်ကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကစားရမယ့် လီဗာပူးနဲ့ ဒုတိယအကျော့မှာ ဖြစ်နိုင်ပါတယ်။ 

#လီဗာပူး #ဗာဒီ #လက်စတာ