အကြွေစေ့နဲ့ပစ်ပေါက်ခဲ့တဲ့ လိဒ်စ်ပရိသတ်တွေကို ဒေါသမထွက်ဘဲ ရီစရာအပြုအမှုနဲ့သာ တုံ့ပြန်ခဲ့တဲ့ ရမ်ဒေးစ်
3:10 PM, 31 December
အယ်လ်ရုဒ်တွင် ကစားခဲ့တဲ့ပွဲမှာ လိစ်ဒ်ပရိသတ်တွေ ပစ်ပေါက်တဲ့ အကြွေစေ့ ၁၇ပေါင် လောက်ကို အိမ်ပြန်ယူသွားခဲ့တယ်လို့အာဆင်နယ်ဂိုးသမား ရမ်ဒေးစ်က ရီစရာကောင်းတဲ့ ဖြစ်ရပ်ကို ဖွင့်ဟပါတယ်။ အာဆင်နယ်အသင်းက ၄-၁ဂိုးဖြင့် နိုင်တဲ့ပွဲတွင် ရမ်ဒေးစ်ကို ရှက်ဖီးယူနိုက်တက်ကစားသမားဟောင်း တစ်ယောက်ဖြစ်တာနဲ့အညီ ၎င်းကို တိုက်ရိုက်စော်ကားတဲ့ အပြုအမှုတွေ လိဒ်စ်ပရိသတ်တွေထံက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဘန်ဖော်စတာရဲ့ podcast တွင် ဂန်းနားဂိုးသမားက ပြိုင်ဘက်ပရိသတ်တွေကို စိတ်မဆိုးဘဲ ရီစရာကောင်းတဲ့ အဖြစ်ကို ပြောပြသွားခဲ့ပါတယ်။ ပွဲမစခင်မှာ တာဝန်ရှိသူတွေက ဂိုးသမားကို ဘာမှမလုပ်ရန် အိမ်ကွင်းပရိသတ်တွေထံ လိုက်လံအသိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ပွဲအတွင်းမှာ အာဆင်နယ်အသင်းက ဖိအားပေးကစားပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တာကြောင့် လိဒ်စ်ပရိသတ်တွေ ဒေါသထွက်လာခဲ့ပြီး ဂိုးသမားရမ်ဒေးစ်အား ပါလာတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ပစ်ပေါက်တဲ့ ပစ္စည်းအများစုက အကြွေစေ့တွေ ဖြစ်ပြီး ရမ်ဒေးစ်က အဆိုပါအခြင်းအရာကို ဒေါသမထွက်ဘဲ သိမ်းဆည်းကာ သူရဲ့ ချွေးသုတ်သဘက်ထဲ ထည့်ခဲ့ပါတယ်။ ကွင်းထဲကနေ ထွက်လာတဲ့အချိန်မှာ ဘုန်းမောက်လ် ကစားသမားဟောင်းက ၁၇ပေါင်အထိ ရခဲ့ပါတယ်။ “ပထမဂိုးပြီးတော့ ပုလင်းတွေ ပစ်ပေါက်ကြတာဘဲ စီးကရက်တွေပါ ပါသေး။ ကျွန်တော်လည်း အဲဒါတွေကို ဘေးဖယ်လိုက်ပါတယ် နောက်တစ်ခါကျတော့ ပိုက်ဆံတွေ ရောက်လာတယ် ကြည့်လိုက်တော့ ၂ပေါင်တန် အကြွေစေ ဒါကြောင့်ဘဲ ယူလိုက်တယ်။
နောက်ထပ် အကြွေစေ့တွေလည်း ရှိတယ် ဒါကြောင့် သူတို့ကို ကောက်ပြီး ကျွန်တော့် တာဝါထဲ ထားလိုက်တယ် ပထမပိုင်းအပြီးမှာ အကြွေစေ့တွေကို တာဝါထဲ ထည့်ပြီး အဝတ်စားလဲခန်းကို ယူလာလိုက်တယ်။ ဒုတိယပိုင်းမှာလည်း အကြွေစေ့ တစ်ချို့ထပ်ကျတယ် ပွဲပီးတာနဲ့ ကျွန်တော်လည်း ကယ်ဗင်ဖီးလစ်ဆီ စကားသွားပြောတယ် ဟေ့ကောင်ရေ မင်းပရိသတ်တွေက အတော်ချမ်းသာတာဘဲ ဖြစ်ရမယ် ကွင်းထဲကနေ ငါ ၁၇ပေါင်လောက် ရလိုက်တယ် ဟု သူကို ပြောပြခဲ့တယ်။ တစ်ချို့ပိုက်ဆံတွေတောင် မရလာခဲ့ဘူး သူတို အားလုံးကို ကျွန်တော် မကောက်နိုင်ဘူးလေ။ ၁၇ပေါင်လောက်တော့ ယူလာလိုက်တယ် “ ဟု ရမ်ဒေးက ဖော်စတာနဲ့အတွေ့မှာ ပြောပြခဲ့ပါတယ်။
ရမ်ဒေးစ်ဟာ ချက်စတာဖီးတ်၊ ဝင်ဘယ်ဒမ်တို့ နှင့် အောက်ခြေလိဂ်တွေမှာလည်း ပရိသတ်တွေဆီက စော်ကားခံရတာမျိုးတွေ ရှိခဲ့ဖူးပြီး အကောင်းမြင်စိတ် ထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း လက်စတာပရိသတ်တွေက အင်္ဂလန်မှာ အသုံးမကျတဲ့ဂိုးသမား ဆိုတဲ့ စကားလုံးတွေနဲ့ ရမ်ဒေးစ်ကို တိုက်ခိုက်ပြောဆိုခဲ့ပေမယ့် တစ်စုံတရာ စိတ်မဆိုးဘဲ လက်စတာရဲ့ ကန်ချက်တွေကို လက်စွမ်းပြပုတ်ထုတ်ရင်း လက်သီးလက်မောင်းတန်းကာ ရီမောရင်းနဲ့ဘဲ အဆုံးသတ်ခဲ့ပါတယ်။
ရမ်ဒေးစ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အာဆင်နယ်အသင်းထံ ရောက်ရှိလာသူဖြစ်ပြီး ဂိုးသမားလီနိုရဲ့ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့ကာ Clean sheet ၉ပွဲ ကစားပေးထားသလို ကလပ်ရဲ့ တစ်လတာအကောင်းဆုံးဆုကို ၂ကြိမ်ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။