ရှေ့သို့
Image

မျက်နှာမှာ ဒဏ်ရာတွေရခဲ့တဲ့အထိ သူခိုး ၄ယောက်နဲ့ ခံချခဲ့တဲ့ ကန်ဆယ်လို

2:54 PM, 31 December

မန်စီးတီးညာနောက်ခံလူ ယာအိုကန်ဆယ်လိုဟာ ကြာသပတေးနေ့ညက သူ့ရဲ့ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်လာတဲ့ သူခိုး ၄ယောက်ရဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ ကန်ဆယ်လိုဟာ သူခိုးတွေကို ခံချခဲ့လို့ မျက်နှာမှာ ဒဏ်ရာတွေရခဲ့ကာ သူခိုးတွေက သူ့အိမ်ကနေ အဖိုးတန် လက်ဝတ်ရတနာတွေ ခိုးယူသွားပါတယ်။

အဲဒီဖြစ်ရပ် ဖြစ်ပွားချိန် အိမ်ထဲမှာ ကန်ဆယ်လိုရဲ့ဇနီးသည် ဒန်နီရယ်လာနဲ့ သမီးငယ်လေးတို့ရှိနေခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က အဲဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်နေပြီလို့ မန်စီးတီးအသင်းက အတည်ပြုပါတယ်။ မန်ချက်စတာမြို့မှာ နေထိုင်တဲ့ ပေါ်တူဂီလက်ရွေးစင် ကန်ဆယ်လိုက တိုက်ခိုက်ခံခဲ့ရပြီးနောက် မျက်နှာမှာ ဒဏ်ရာရခဲ့တာကို အင်စတာဂရမ်မှာ ဓာတ်ပုံရိုက်တင်ရင်း စာရေးသားခဲ့ပါတယ်။

''ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ဟာ ဒီနေ့မှာ သူရဲဘောကြောင်တဲ့ လူ ၄ယောက်ရဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ သူတို့က ကျွန်တော့်မိသားစုကိုပါ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့လက်ဝတ်ရတနာအားလုံး ယူဆောင်သွားပြီး ကျွန်တော့်ကိုလည်း တိုက်ခိုက်သွားပါတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုတာ မသိပါဘူး။ အရေးကြီးဆုံးကတော့ ကျွန်တော့်မိသားစုဖြစ်ပြီး သူတို့အားလုံး အဆင်ပြေပါတယ်''လို့ ကန်ဆယ်လိုက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ကန်ဆယ်လိုဟာ ယခုရာသီမှာလည်း နည်းပြဂွါဒီယိုလာရဲ့အားထားရတဲ့အသင်းသားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပြီး ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ယခုရာသီ ပြိုင်ပွဲစုံ ၂၆ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ကန်ဆယ်လို