ရှေ့သို့
Image

နောဝစ်ချ်အသင်း ကိုဗစ်နဲ့ ဒဏ်ရာရကစားသမားများနေလို့ လက်စတာနဲ့အဝေးကွင်းပွဲကို ရွှေ့ဆိုင်းလိုက်ရ

1:42 PM, 31 December

နှစ်သစ်ကူးပွဲစဉ်အဖြစ် ကစားရမယ့် လက်စတာနဲ့ နောဝစ်ချ်အသင်းပွဲစဉ်ကို ဧည့်သည်အသင်းမှာ ဒဏ်ရာရနဲ့ ကိုဗစ်ဖြစ်နေသူတွေများနေလို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီပွဲကို စနေနေ့ည ၉နာရီခွဲမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဲဒီပွဲအတွက် အနည်းဆုံး အသင်းသား ၁၀ဦးအထိ လွဲချော်ရမယ့် နောဝစ်ချ်အသင်းက ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးက အဆိုပါသတင်းကို ကြာသပတေးနေ့မှာ အသီးသီးအတည်ပြုခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ နောဝစ်ချ်အသင်းဟာ ကိုဗစ်နဲ့ ဒဏ်ရာရကစားသမားများနေလို့ ကြာသပတေးနေ့က ထရိန်နင်မှာ ၅ယောက်အသင်း တစ်သင်းဖွဲ့ဖို့တောင် အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ လက်စတာအတွက်တော့ တစ်လအတွင်း တတိယမြောက်ပွဲ ရွှေ့ဆိုင်းရတာဖြစ်ပြီး တော့တင်ဟမ်၊ အဲဗာတန်တို့နဲ့ပွဲတွေကို ရွှေ့ဆိုင်းထားပြီးဖြစ်သလို လက်စတာ-နောဝစ်ချ်ပွဲက ၃ပတ်အတွင်း ရွှေ့ဆိုင်းရတဲ့ ၁၇ပွဲမြောက် ပရီးမီးယားလိဂ်ပွဲ ဖြစ်လာပါတယ်။

ဒါပေမဲ့ ဒီလိုပွဲရွှေ့လိုက်တာက လက်စတာအသင်းအတွက်လည်း အကျိုးရှိစေနိုင်ပြီး အဓိကတိုက်စစ်မှူး ဗာဒီ တံကောက်ကြောဒဏ်ရာကြောင့် ၄ပတ်ကြာအနားယူရမှာဖြစ်ပါတယ်။

#ဗာဒီ #နောဝစ်ချ် #လက်စတာ