ရှေ့သို့
Image

ချဲလ်ဆီးမှာ ရှိနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ မပျော်ရွှင်မိဘူးလို့ ဖွင့်ဟဝန်ခံလာတဲ့ လူကာကူ

1:02 PM, 31 December

နည်းပြတူချယ်လက်အောက် သူရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုမရှိဘူးလို့တိုက်စစ်မှူး လူကာကူက ဖွင့်ဟဝန်ခံလာပါတယ်။ ပေါင်၉၇.၅သန်းတန် တိုက်စစ်မှူးဟာ မနေ့ညက ဂျာမနီသားနည်းပြလက်အောက်မှာ ရှိနေတဲ့ သူရဲ့ အြေခေအနေကို ပျော်ရွှင်မှု မရှိကြောင်း ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

စကိုင်းစပေါ့တ်အီတလီနဲ့အင်တာဗျူးရာတွင် ဘယ်လ်ဂျီယံသားက  “ကြံခိုင်မှုအရ ကျွန်တော် အဆင်ပြေပါတယ် ဒါပေမဲ့ ချဲလ်ဆီးမှာ ရှိနေတဲ့ အခြေအနေနဲ့ပတ်သက်လို့မပျော်ရွှင်ပါဘူး တူချယ်က နောက်ထပ်စနစ်တစ်ခုနဲ့ ကစားဖို့ရွေးချယ်ထားတယ်။ ကျွန်တော် လက်လျော့သွားမှာတော့ မဟုတ်ဘူး ပရော်ဖက်ရှင်နယ်အဖြစ် ရှိနေမှာပါ ဒီအခြေအနေနဲ့ပတ်သက်လို့တော့ မပျော်ဘူး ဒါပေမဲ့ ကျွန်တော်က ပရော်ဖက်ရှင်နယ် ဖြစ်တဲ့အတွက် လက်လျော့သွားမှာတော့ မဟုတ်ပါဘူး” ဟု ဆိုသည်။

အဆိုပါအင်တာဗျူးကို လူကာကူအနေဖြင့် လွန်ခဲ့တဲ့၃ပတ်ခန့် ကလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ပရီးမီးယားလိဂ် ၂ပွဲဆက် ဂိုးသွင်းယူပြီးနောက် စိတ်ပျက်မှုတွေ ဖြေကျသွားဖွယ် ရှိပါတယ်။ တူချယ်ကိုယ်တိုင်လည်း လူကာကူဟာ ပရီးမီးယားလိဂ်မှာ အသားမကျသေးဘူးလို့ ဖွင့်ဟဝန်ခံထားပြီး အီတလီကနေ ရောက်လာတဲ့ လူကာကူရဲ့ အသင်းအပေါ်  သက်ရောက်မှုတွေအား ကျေနပ်သေးခြင်း မရှိတာ ဖြစ်ပါတယ်။ လူကာကူက တစ်နေ့မှာ အင်တာကို ပြန်ချင်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

“မနေ့က ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး ရည်ရွယ်ထားတဲ့အရာတွေ မဟုတ်ခဲ့ပါဘူး အသင်းကနေ ထွက်ခွာခဲ့ရတယ် အင်တာမီလန်ပရိသတ်တွေနဲ့ ကျွန်တော် ဆက်ဆံရေးတွေက ပျက်စီးခဲ့တယ် ဘာလို့လဲဆိုတော့ အချိန်ကောင်း မဟုတ်ခဲ့လို့ပါ။ အခုတော့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို မျှဝေရမယ့် အချိန်ကောင်းပါ။ အင်တာက ကျွန်တော့်နှလုံးသားထဲမှာ အမြဲ ရှိနေတယ်ဆိုတာ ပြောပြ ဖြစ်ပါတယ် အင်တာကို ပြန်လာမယ်ဆိုတာ သိတယ် အဲဒီလိုလည်း မျှော်လင့်ပါတယ် အီတလီကို ကျွန်တော်ချစ်တယ် ခုက စကားပြောဖို့အချိန်ကောင်းပါ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ပရိသတ်တွေကို သိစေချင်ပါတယ်”

“ကျွန်တော့်ကစားသမားဘ၀ အဆုံးမသတ်ခင် အင်တာကို ပြန်သွားချင်တယ် ဖြစ်လာမယ်လို့လည်း မျှော်လင့်တယ် ဒါပေမဲ့ ကျွန်တော် ခြေစွမ်းထိပ်တန်းအဆင့်မှာ ရှိသေးရင်တော့ ဆုဖလားတွေ အတူတူ ရယူချင်ပါတယ် အင်တာပရိသတ်တွေကို ကျွန်တော် တောင်းပန်ချင်တယ် ကျွန်တော်ရဲ့ စကားလုံးတွေက တိုင်ပင်ကိုက် မဖြစ်ခဲ့ဘူး ကျွန်တော့်အတွက် သင်တို့ဆက်ဆံခဲ့တာတွေက တသက်လုံးအဖြစ် ကျန်ရှိနေမှာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒဏ်ရာရကစားသမာတွေ များပြားနေတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်ရဖို့ရှီပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးအတွက် အရေးပါတဲ့ ပွဲမျိုးမှာ နည်းပြတူချယ်အနေနဲ့လည်း လူကာကူ ထည့်သွင်းသွားမလားဆိုတာ ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။ တဖက်မှာလည်း ဗုဒ္စဟူးညက ဒိုင်လူကြီး မိုက်ဒင်းရဲ့ ဆုံးဖြတ်ချက်တွေကို လူသိရှင်ကြားဝေဖန်ခဲ့တဲ့ တူချယ်ဟာ အက်ဖ်အေရဲ့ သတိပေးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်စုံတရာ အရေးယူခံရမယ့် အဖြစ်ကနေတော့ ကင်းလွတ်ခဲ့ပါတယ်။

#ချဲလ်ဆီး #အင်တာမီလန် #လူကာကူ #တူချယ်