ရှေ့သို့
Image

ဘန်လေနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်းမရှိကြောင်း သတင်းကောင်းပြောပြလာတဲ့ ဘိုင်လီ

12:42 PM, 31 December

ယူနိုက်တက်နောက်ခံလူ အဲရစ် ဘိုင်လီက ယမန်နေ့ည ဘန်လေနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိကြောင်း ပြောပြလာခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်း ဘိုင်လီဟာ ပွဲကစားနေစဉ် ဒဏ်ရာရပြီး ကွင်းထဲလဲကျနေခဲ့ကာ နောက်ခံလူ ရာဖေးလ် ဗာရာနီနဲ့ ချက်ချင်း လူစားလဲခဲ့ရပါတယ်။

ဒါပေမဲ့  ဘိုင်လီက “ကျွန်တော်တို့ကို ဒီည အစွမ်းကုန် အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကောင်းမွန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော် အဆင်ပြေကာ ပင်ပန်းတာလောက်ပဲ ရှိပါတယ်။ နှစ်တစ်နှစ်ကို အကောင်းဆုံးနိုင်ပွဲနဲ့ ကုန်ဆုံးခြင်းပါပဲ”လို့ လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။

နည်းပြ ရန်းနစ်က “အဲရစ်က လွန်ခဲ့တဲ့ ၃၊ ၄ရက်ကတည်းက အာဖရိကဖလားအတွက် ထွက်သွားပေမဲ့ စပိန်မှာသာ ရှိနေသေးတာကြောင့် သူ့ကို ပြန်လာဖို တောင်းဆိုခဲ့ပါတယ်” “ကျွန်တော်တို့ ဂိုးပေးလိုက်ရချိန် အမှားလုပ်ခဲ့တာက လွဲရင် အကောင်းဆုံး ကစားခဲ့တယ်လို့ ထင်ပြီး သူ့ထံကနေ အကောင်းဆုံး စွမ်းဆောင်ရည် ရခဲ့ပါတယ်။ သူ ပွဲအပေါ် အလွန်အာရုံစူးစိုက်ထားခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #ဘိုင်လီ #ရန်းနစ်