ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲမတိုင်ခင် ကိုင်လီ ဝေါ်လ်ကာ ပြန်လာတဲ့အတွက် အားတက်စရာ ဖြစ်လာတဲ့ မန်စီးတီး

12:33 PM, 31 December

မန်စီးတီးအသင်းဟာ ကိုင်လီ ဝေါ်ကာ ပြန်လာပြီဖြစ်တာကြောင့် ပွဲကျပ်ကာလမှာ အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ ဝေါ်လ်ကာဟာ ယခုလအစောပိုင်းက လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနီထိပြီးနောက် ပွဲမကစားရတော့တာ ဖြစ်ပါတယ်။

၃၁နှစ်သားဟာ စီးတီးရဲ့ နောက်ဆုံး ပွဲစဉ် ပွဲကို အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ပေမဲ့ ကြာသပတေးနေ့မှာ လေ့ကျင့်ခန်းအစီအစဉ်ကို ပြန်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ စနေညမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲရရင် ၁၁မှတ်ထိ ဖြတ်ပြီး ဇယားထိပ် ဦးဆောင်နိုင်တော့မှာ ဖြစ်တာကြောင့် ဝေါ်လ်ကာ ပြန်လာတာက အသင်းအတွက် အားတက်စရာ ဖြစ်လာခဲ့တာပါ။

ဝေါ်လ်ကာ မရှိချိန် ကန်ဆယ်လို၊ အကီနဲ့ ဇင်ချန်ကိုတို့က အလှည့်ကျအဖြစ် နောက်ခံလူအစွန်လူနေရာမှာ ကစားခဲ့ကြပါတယ်။ ဝေါလ်ကာ ပြန်လာရင်တော့ ပွဲကျပ်ကလာ ဖြတ်သန်းနေရတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ကန်ဆယ်လိုကို အနားပေးဖို့ စဉ်းစားသွားဖွယ် ရှိနေပါတယ်။

ဂွါဒီယိုလာဟာ အာဆင်နယ်နဲ့ ပွဲမတိုင်ခင် ကစားသမားတွေကို မန်ချက်စတာကို ဆက်ထားဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စိတ်ပြောင်းသွားပြီး အနောက်မြောက်ဘက်ကို သွားကာ ကစားသမားတွေကို မိသားစုတွေနဲ့ အချိန်ပိုနေခွင့်ပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဂွါဒီယိုလာတစ်ယောက် အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရိုဒရီ ပါဝင်ကစားနိုင်မလားဆိုတာ မသေချာသေးပဲ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုက လက်ရှိ ဝင်ကစားနေပေမဲ့ လာမယ့်ပွဲမှာတော့ ကတ္တလန်သား နည်းပြအနေနဲ့ အပြောင်းအလဲ လုပ်သွားဖွယ် ရှိနေပါတယ်။

#မန်စီးတီး #အာဆင်နယ် #ဂွါဒီယိုလာ #ကိုင်လီဝေါ်ကာ