ရှေ့သို့
Image

ဒါဘီအသင်း တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ အခွင့်အရေးအနည်းငယ်သာ ရှိကြောင်း ရွန်းနီဝန်ခံ

12:12 PM, 31 December

ဝိန်း ရွန်းနီက ဒါဘီအသင်းဟာ စတုတ်ကို ၂-၁ဂိုးနဲ့ အနိုင်ယူကာ ၃ပွဲဆက် နိုင်ပွဲ ဖန်တီးနိုင်ခဲ့ပေမဲ့ တန်းဆင်းဇုန်ထဲ လွတ်မြောက်ဖို့အတွက် အိပ်မက် မမက်ရဲသေးကြောင်း ပြောခဲပါတယ်။ ပလန်ဂျီနဲ့ ကာဇင်-ရစ်ချက်တို့ရဲ့ ဂိုးတွေနဲ့အတူ ဒါဘီတို့ အနိုင်ရကာ တန်းဆင်းဇုန်က ထွက်နိုင်ဖို့ ၁၁မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

ဒါဘီက “ကျွန်တော်တို့ ဒီမှာ ဆက်ရှိနိုင်ဖို့ ဖြစ်နိုင်တယ်ဆိုတာ အမြဲယုံကြည်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေး အနည်းငယ်ပဲ ရှိတယ်ဆိုတာ သိပြီး နိုင်ပွဲတွေနဲ့ မျောပါသွားမှာ မဟုတ်ပါဘူး။ သို့ပေမဲ့ အသင်းကို အစွမ်းကုန်ပေးဆပ်ထားကြတဲ့ ကစားသမားတွေကို ကျွန်တော် လုံး၀ ချီးကျူးပါတယ်”

“အခု နိုင်ပွဲတွေနဲ့ ပြန်လာနိုင်ပြီဆိုတော့ အရေးပါတဲ့ တနင်္လာနေ့ ရီးဒင်းနဲ့ပွဲကို အာရုံစိုက်ရပါမယ်”လို့ ဆိုခဲ့ပါတယ်။ ၂၁မှတ်ထိ လျော့ချခံထားရတဲ့ ဒါဘီဟာ ယခုအချိန်မှာတော့ အထက်က ဘန်စလေနဲ့ ၄မှတ်သာ ကွာတဲ့ အနေအထား ရောက်လာခဲ့ပါတယ်။

ဝက်စ်ဘရွန်းနဲ့ ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့တဲ့ ကာဇင်-ရစ်ချက်ကို အသင်းက ချန်လှပ်ဖို့ ခက်ပေမဲ့ ပလန်ဂီကလည်း ၃ပွဲမှာ ၂ဂိုးသွင်းထားတာကြောင့် တိုက်စစ်မှူးရွေးချယ်ရာမှာ ခေါင်းကိုက်ရတယ်လို့ ရွန်းနီက ဝန်ခံခဲ့ပါတယ်။ ဆက်လက်ပြီး ရွန်းနီကို ပိုင်ရှင်အပြောင်းအလဲအကြောင်း မေးမြန်းရာမှာ တနင်္လာနေ့မှသာ ပိုသိရနိုင်တယ်လို့ အင်္ဂလန်သားက ပြန်ဖြေခဲ့ပါတယ်။

#ဒါဘီ #ရွန်းနီ #ရစ်ချက်