ရှေ့သို့
Image

ဇယားထိပ်မှာ ၈မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ဖလားလုပွဲ မပြီးသေးဘူးလို့ ဂွါဒီယိုလာဆို

3:25 PM, 30 December

ဂွါဒီယိုလာက ဘရန့်ဖို့ဒ်ကို နိုင်ပွဲရပြီးနောက် ပရီးမီးယားလိဂ် ဖလားလုပွဲ မပြီးသေးဘူးလို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ယခုရက်ပိုင်းတွေအတွင်း အမှတ်တွေလျော့ခဲ့ပြီး မန်စီးတီးတို့ ဘရန့်ဖို့ဒ်ကို နိုင်ခဲ့ပြီးနောက် ဇယားထိပ်မှာ ၈မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာက “နောက်ထပ် ၅၄မှတ်ထိ ကစားဖို့ ကျန်သေးသလို ခက်ခဲတဲ့ ပွဲတွေလည်း ရှိသေးတာကြောင့် ၈မှတ်လောက်နဲ့ ဖလားလုပွဲ ပြီးပြီဆိုတာက လုံး၀မပြောသင့်ပါဘူး။ ကျွန်တော်တို့ ၄ဂိုးနဲ့ ဦးဆောင်နိုင်ချိန် လက်စတာက ၃ဂိုး ပြန်သွင်းသွားနိုင်သေးတာကြောင့် ဖလားလုပွဲ ပြီးပြီဆိုတဲ့ ပြောဆိုမှုတွေအပေါ် ကျွန်တော် သဘောမတူပါဘူး။ ချဲလ်ဆီး၊ လီဗာပူးတို့ အပါအဝင် အသင်းတွေက တော်တော်လေး ကောင်းလာပါတယ်။ ၁သင်းက ဥရောပ ချန်ပီယံဖြစ်ပြီး လီဗာပူးကလည်း ၃၊ ၄နှစ်လောက်ထိ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အသင်းပါ။ ကျွန်တော်တို့က ၁၀ပွဲဆက်နိုင်ပြီး သူတို့ အမှတ်လျော့ခဲ့တာကြောင့် ခုလို အမှတ်ပြတ်သွားတာ ဖြစ်ပါတယ်”

“ရမှတ် ၃၀မှာ ၃၀စလုံးရရင် ကောင်းတာ ဖြစ်ပေမဲ့ ၅၄မှတ် ကစားဖို့ ကျန်သေးပြီး အခုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ ဆောက်သမ်တန်တို့နဲ့ ကစားရမယ့် ၃ပွဲအတွက် စဉ်းစားရပါမယ်။ ကံမကောင်းစွာပဲ ကျွန်တော်တို့ လန်ဒန်ကို အစောကြီးလာပြီး အာဆင်နယ်နဲ့ ကစားရပါမယ်။ အာဆင်ယန်က လက်ရှိမှာ အကောင်းဆုံး ပုံစံ ရှိနေပြီး ထိပ်သီး၄သင်းထဲ ပါနေတဲ့အသင်းပါ”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဘရန့်ဖို့ဒ် #ဂွါဒီယိုလာ