ရှေ့သို့
Image

ဟယ်ရီကိန်းတစ်ယောက် တော့တင်ဟမ်နဲ့ စာချုပ်သစ် ချုပ်ဆိုမယ်လို့ ဒါရင်းဘန့်တ် အခိုင်အမာဆို

10:43 AM, 30 December

တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်တ်က ဟယ်ရီကိန်းတစ်ယောက် အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုမယ်ဆိုတဲ့ သတင်းတွေကြားမိတယ်လို့ ပြောကြားလိုက်ပါတယ်။ ကိန်းဟာ နွေရာသီတုန်းက မန်စီးတီးအသင်းထံပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပြီး ဂျက်ဂရီးလစ်ချ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူခဲ့ပါတယ်။

ကိန်းဟာ ဒီရာသီမှာလည်း အသင်းကနေထွက်ခွာဖွယ်ရှိနေပြီး ဒီရာသီမှာလည်း ရုန်းကန်နေရတာဖြစ်ပါတယ်။ ဘန့်တ်က ကိန်းတစ်ယောက် ကွန်တီ လက်အောက်မှာ ပျော်ရွှင်နေပြီး စာချုပ်သစ် ချုပ်ဆိုဖွယ်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ တိုက်စစ်ပိုင်းအတွက် ဖာရန်တောရက်စ်နေရာမှာ တိုက်စစ်မှူးသစ် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဘန့်တ်က မန်စီးတီးအနေနဲ့ ဟယ်ရီကိန်းထက် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုသာ ခေါ်ယူဖွယ်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် သတင်းတွေကြားပါတယ်။ သူဒီမှာဆက်နေမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ မန်စီးတီးက သူ့ကိုခေါ်ယူပါ့မလား။ ဖာရန်တောရက်စ်ကို လက်လွှတ်ခဲ့ရတာကြောင့် သူတို့ တိုက်စစ်မှူးသစ်ခေါ်ယူဖွယ်ရှိနေပါတယ်။ ဟာလန်းကလည်း ဖြစ်နိုင်ချေတွေထဲကတစ်ခုပါ။ ဟယ်ရီကိန်းကတော့ အသင်းမှာ ဆက်ရှိနိုင်ပါတယ်"လို့ ဘန့်တ်က ပြောကြားခဲ့ပါတယ်။

ဟာလန်းရဲ့ခြေစွမ်းတွေကြောင့် အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေပြီး ဒီရာသီ ၁၆ ပွဲမှာ ၁၉ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟာလန်းကိုခေါ်ယူဖို့အတွက် မန်စီးတီးအနေနဲ့ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်တို့နဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။

#တော့တင်ဟမ် #ဟယ်ရီကိန်း #ဒါရင်းဘန့်တ်