ရှေ့သို့
Image

အာဆင်နယ်ကိုပဲ အငှားနဲ့ ပြောင်းရွှေ့ဖို့ ကော်တင်ဟို စိတ်အားထက်သန်နေတယ်လို့ဆို

3:10 PM, 29 December

ဘာစီလိုနာအသင်းကွင်းလယ်လူ ကော်တင်ဟိုဟာ လာမယ့်ဇန်နဝါရီလအတွင်း တခြားပရီးမီးယားလိဂ်အသင်းတွေထက် အာဆင်နယ်ကိုပဲ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ လီဗာပူးကြယ်ပွင့်ဟောင်း ကော်တင်ဟိုဟာ ဘာစီလိုနာမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဘာစီလိုနာနည်းပြသစ် ဇာဗီကလည်း သူ့ရဲ့ဦးဆောင်မှုအောက်မှာ ပွဲကစားခွင့် အကန့်အသတ်နဲ့ ရှိလိမ့်မယ်လို့ ကော်တင်ဟိုကို အသိပေးထားပါတယ်။

ကော်တင်ဟိုကို ခေါ်ယူဖို့ အာဆင်နယ်၊ အဲဗာတန်၊ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့က အပြိုင်စိတ်ဝင်စားနေပြီး စပိန်သတင်းဌာန Sport ရဲ့ရေးသားဖော်ပြချက်အရ ကော်တင်ဟိုက အာဆင်နယ်ကိုပဲ ပြောင်းရွှေ့လိုတဲ့အနက် အဓိကအချက်ကတော့ အာဆင်နယ်အသင်းက သူ့ရဲ့ရည်မှန်းချက်နဲ့ လစာတို့ကို ဖြည့်ဆည်းပေးနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ကော်တင်ဟိုက ပုံမှန်ပွဲထွက်ခွင့်ရရေးအတွက် ဘာစီလိုနာမှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ကို လျှော့ယူရမယ်လို့ နားလည်ထားပေမယ့် သူ့ရဲ့ကွင်းတွင်းရည်မှန်းချက်တွေနဲ့ ကိုက်ညီမယ့်အသင်းကို ရှာဖွေနေတာဖြစ်ပါတယ်။

ဒီနေရာမှာ ကော်တင်ဟိုကိုခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေအနည်းဆုံးက နယူးကာဆယ်ဖြစ်ပြီး ကော်တင်ဟိုရဲ့လစာကို ပေးချေနိုင်ပေမယ့် အသင်းက တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ အာဆင်နယ်ဟာ မကြာသေးခင်က ကော်တင်ဟိုကိုခေါ်ယူဖို့ ဆွေးနွေးခဲ့ရာမှာ လုပ်ခလစာကြောင့် အဆင်မပြေဖြစ်ခဲ့ရပေမယ့် ကစားသမားဘက်က လစာလျှော့ယူရင်တော့ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာစီလိုနာကလည်း မန်စီးတီးကနေ တိုက်စစ်မှူး ဖာရန်တောရက်စ်ကို ပေါင် ၅၅သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် အသင်းရှိ လုပ်ခလစာမြင့်မားနေသူတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့အနက် ကော်တင်ဟိုနဲ့ နောက်ခံလူ အမ်တီတီတို့က ဖြစ်နိုင်ခြေပိုများနေပါတယ်။

#ဘာစီလိုနာ #အာဆင်နယ် #အပြောင်းအရွှေ့ #ကော်တင်ဟို