ရှေ့သို့
Image

အာဆင်နယ် ပရိသတ်တွေနဲ့ဘာကြောင့် သူငယ်ချင်းကောင်းတွေ မဖြစ်နိုင်တော့လဲဆိုတာ ပြောပြလာတဲ့ ဇာဗီ

3:05 PM, 29 December

ဂရာနစ် ဇာခါက အာဆင်နယ် ပရိသတ်တွေနဲ့ ဘယ်တော့မှ သူငယ်ချင်းကောင်းတွေ ဖြစ်လာတော့မှာ မဟုတ်ပဲ အရင်ကဆိုရင် ပရိသတ်တွေထံက ချစ်ခင်မှု ပိုရကြောင်း ဝန်ခံခဲ့ပါတယ်။ ၂၉နှစ်သားဟာ ၂၀၁၉ခုနှစ် အောက်တိုဘာလက အဖြစ်အပျက်ကြောင့် ပရိသတ်တွေနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ကာ အသင်းခေါင်းဆောင် ရာထူးကပါ ဖယ်ရှားခံခဲ့ရပါတယ်။

နည်းပြ အူနိုင်း အမ်မရလက်ထက် ဇာခါဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေထံကနေ လှောင်ပြောင်ခြင်းခံခဲ့ရပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ပစ်ပေါက်ခဲ့တာမျိုးလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဇာခါက “လွန်ခဲ့တဲ့၂နှစ်က ဖြစ်ပျက်ခဲ့တာတွေကြောင့် ကျွန်တော်နဲ့ ပရိသတ်တွေ အရမ်းဝေးကွာနေခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ဆင့်ချင်း နီးစပ်လာတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး သူငယ်ချင်းတွေတော့ ဖြစ်နိုင်တော့မယ် မထင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အသင်းကို ရောက်လာကတည်းက ကလပ်အတွက် အစွမမ်းကုန်ပေးဆပ်ခဲ့တယ်ဆုတာ လူတွေကို ပြောနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဇာခါဟာ နည်းပြ အာတီတာလက်ထက် ပုံမှန်နေရာရနေပြီး အသင်းကို ဦးဆောင်သူတွေထဲ ပါဝင်ပေမဲ့ သူက ပြီးဆုံးသွားခဲ့တဲ့ ပုံပြင်တစ်ခု မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“အားလုံးလိုပဲ ကျွန်တော်လည်း အမှား လုပ်တတ်ပါတယ်။ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော် လေ့ကျင့်ခန်းအစီအစဉ်နဲ့ ပွဲတိုင်းမှာ ၁၀၀% ပေးဆပ်သွားမှာပါ။ ဒါကပရိသတ်တွေအတွက် ကျွန်တော့်ရဲ့ မက်ဆေ့ပါပဲ”“တစ်ခါတစ်လေ နားလည်မှုလွဲတာမျိုး ရှိတတ်ပြီး အခု ပရိသတ်တွေနဲ့ ဖြစ်နေတာက အဲ့ဒါတစ်ခုတည်းကြောင့်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်ကထက် ချစ်ခင်မှု ပိုရလာပေမဲ့ ပရိသတ်တွေကြား တိုးတက်မှုက နှေးကွေးနေဆဲ ဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဇာခါဟာ ဒဏ်ရာကြောင့် ၃လလောက် နားခဲ့ရပေမဲ့ ယခုအချိန်မှာတော့ အာဆင်နယ်ကွင်းလယ်မှာ ပါတေးနဲ့အတူ တွဲဖက် ခြေစွမ်းပြလျက် ရှိနေပါတယ်။ ဇာခါမပါတဲ့ ပွဲစဉ်တွေမှာလည်း အာဆင်နယ်က တောင့်တင်းတဲ့ပုံစံမျိုး ပြသခဲ့ပေမဲ့ နည်းပြ အာတီတာကတော့ ဆွစ်ဇာလန်သားရဲ့ အသင်းအပေါ် အရေးပါပုံကို ထောက်ပြခဲ့ပါတယ်။

“သူ့ရဲ့ စိတ်ဓာတ်ပိုင်းက ထိပ်ဆုံးမှာ ရှီပါတယ်။ သူ မပါနိုင်တာက ကြီးမားတဲ့ ဆုံးရှုံးမှု ၁ခုပါ။ ကျွန်တော်တို့ သူ့ကို အချိန်အတန်ကြာ ဆုံးရှုံးရဦးမှာပါ။ သူအသင်းကို အမြန်ဆုံး ပြန်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

#ဇာဗီ #အာဆင်နယ် #ဇာခါ