လီဗာပူးကို အနိုင်ရရှိပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်ကို ရော်ဂျာ ချီးကျူး
8:47 AM, 29 December
လက်စတာအသင်းနည်းပြ ရော်ဂျာက လီဗာပူးအသင်းကို အနိုင်ရရှိပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း ချီးကျူးပြောကြားလိုက်ပါတယ်။ မြေခွေးတို့ဟာ အင်္ဂါနေ့တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ ကလော့ပ်ရဲ့လီဗာပူးကို လူစားဝင်ကစားသမား လွတ်ခ်မန်းရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
လက်စတာဟာ လီဗာပူးအသင်းကို ကာရာဘောင်ကွာတားဖိုင်နယ်မှာ ပင်နယ်တီနဲ့အရေးနိမ့်ပြီး အခုပရီးမီးယားလိဂ်မှာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် ရော်ဂျာက အိမ်ကွင်းတည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။
"လီဗာပူးလိုအသင်းမျိုးနဲ့ ကစားရတာက ခက်ခဲ့တဲ့စမ်းသပ်မှုပါ။ ကျွန်တော်တို့ ဒီနေ့ပွဲမှာ စိတ်ဓာတ်ပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးအနေအထားမှာရှိခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ ပေးဂိုးမရှိအောင် ကစားနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြောစရာစကားလုံးတောင်မရှိတော့ပါဘူး"လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလနောက်ပိုင်း လိဂ် ၃ ပွဲမြောက်နိုင်ပွဲနဲ့ပတ်သက်ပြီး အခုလိုထပ်မံပြောကြားခဲ့ပါတယ်။
"မန်စီးတီးနဲ့ပွဲအပြီးမှာ ကျွန်တော်တို့ တိုက်စစ်အကောင်းဆုံးအနေအထားမှာရှိခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေလွဲချော်တာက ဆိုးပါတယ်။ ဒီပွဲက သတင်းခေါင်းကြီးပိုင်းမှာ ရေးမယ်ဆိုတာ သိပြီးသားပါ။ ကိုယ့်သမိုင်းကို ကိုယ်ပဲရေးရမှာပါ။ ဒီနေ့နိုင်ပွဲက တော်တော်လေးအရေးပါပါတယ်"လို့ ရော်ဂျာက ထပ်လောင်းပြောကြားခဲ့ပါတယ်။